မုန့်ဖိုးရတိုင်း တရုတ်အသားတုမုန့်တွေ ဝယ်စားတဲ့ ကလေးရဲ့ ဗိုက်ထဲက ထွက်လာတာတဲ့ အရာ

မုန့်ဖိုးရတိုင်း တရုတ်အသားတုမုန့် ဝယ်စားတဲ့ ကလေးရဲ့ ဗိုက်ထဲက ထွက်လာတာတဲ့ အရာ..

လူနာက ၉ နှစ် ယောင်္ကျားလေး ပင်လယ်ဘက်ကရွာလေးက ဗိုက်နာနေတာ တပတ်လောက်ရှိပီ ရွာကဆရာမလေးက သံချဆေးပေးတယ် သုံးရက်လောက်ကြာတော့ ဗိုက်ကပိုနာလာတယ် ဗိုက်ပိုဖောင်းလာတယ် အန်တယ် ဝမ်းချုပ်တယ် ဆေးရုံရောက်လာတယ် အူလမ်းကြောင်းပိတ်တဲ့ ပုံပဲ သံလုံး သံခဲတေကြောင့်လားပေါ့..

စမ်းသပ်ကြည့်တော့ အူခေါက်၊ အူသိမ်ကျယ်နေ၊ သံကောင် အများအပြား မတွေ့။ ဒါနဲ့ SE ပေးပြီး စောင့်ကြည့်နေတာ ၃ ရက်ကျော် မသက်သာလာတာနဲ့ ဗိုက်ဖွင့်ကြရော တွေ့ရတာက အူသိမ်မှာ အလုံးအကြိတ်ကြီးတခု။ အပြင်ကကိုင်ကြည့်တော့ မာမာလေး ရွှေ့ လို့လည်းရတယ် သံလုံး သံခဲ လည်းမဟုတ် အူသိမ်ထဲဆိုတော့ အီး တုံးလည်းမဟုတ်ပေါ့။

ဒါနဲ့ အူဖွင့် ထုတ်ကြည့်လိုက်တော့ အောင်ပန်းဘက်ကလာတဲ့ အာလူး လောက်ရှိတဲ့ အစိမ်းရောင် အလုံးကြီးတလုံး ထွက်လာပါရော ဟ ဘာကြီးလည်း ဟ ကိုဗစ်လုံးကြီလားပေါ့(ကိုဗစ် က ဘာရောင်မှန်းတော့မသိပါဘူး) ကိုင်ကြည့်တော့လည်း ပေါ့ပေါ့လေး ပွစိစိနဲ့ ခွဲကြည့်လိုက်တော့လည်း အထဲမှာ ရေမြှုပ်လို ဗွစိစိ နဲ့..

ဒါနဲ့ ကျန်တဲ့အူတွေ စစ်ကြည့် ပုံမှန်ဆိုတော့ လုပ်စရာရှိတာလုပ် ဗိုက်ပြန်ပိတ် အပြင်ရောက်မှ ကလေးအူထဲက အလုံးကိုပြပီးကလေးအမေကို မေးကြည့်ရတာပေါ့။ အမေကလည်း ဗိုက်တလုံးနဲ့ ရွာမှာလည်း ကလေး ၅ ယောက်ကျန်ခဲ့တယ် ခုဖြစ်တာ တတိယကလေးတဲ့ ဒါနဲ့ ကလေးဗိုက်မနာခင်ရက်တေက ဘာတွေမြန်း ထူးထူးဆန်းဆန်း စားတာရှိလည်း – အူထဲမှာတော့ဒါကြီးနဲ့ပိတ်နေတာဆိုတော့ အမေကလည်းမပြောတတ်။

နောက်နေ့ လူနာကြည့်ရင်းနဲ့ အမေ ရော ကလေးရော မေးကြည့် မှ မုန့်ဖိုး တစ်ရာ နှစ်ရာလောက်ရရင် တရုတ်ကလာတဲ့ အသားတု မုန့်ထုပ်လေးတွေ ဝယ်စားတတ်ကြတယ် ဝါးလို့ကောင်းတယ် အရသာရှိတယ် အလုဲးလေးတွေတဲ့။ တခါ မီးနဲ့ စမ်း ရှို့ကြည့်တာ ကော်ဗတ်စကိုမီးရှို့ရသလိုပဲ တဖြစ်ဖြစ် နဲ့လောင်လို့ ကလေးတွေက ကော်ဗတ် မုန့်လို့ပြောဝယ်ကြတယ်တဲ့ (ဒီဒေသမှာ ရာဘာကို ကော်ဗတ်လို့ခေါ်ကြပါတယ်)

သေချာတာကတော့ ဒီလောက်ကြီးတဲ့အလုံးကြီးကို ကလေးပါးစပ်က မမြိုနိုင်ပါဘူး အီးတုံးလည်းမဟုတ်ပါဘူး အူထဲရောက်မှ တဖြည်ဖြည်း ပွလာပီးအူလမ်းကြောင်း ပိတ်သွားတာဖြစ်မှာပါ ခုတော့ ကလေးလည်း ကောင်းကောင်းမွန်မွန်နဲ့ ဆေးရုံ ကဆင်းသွားပါပြီ။

မြန်မာပြည်ကြီး ကျန်းမာပါစေ။ တရုတ်ကြီး ချမ်းသါမြဲပါ။ (Moe Min Zaw)

Leave a Reply

Your email address will not be published. Required fields are marked *