Knowledge

ရှူးရှဲရှူးရှဲနဲ့ ပွင့်ထွက်သွားမယ့် တိုင်းရင်းသားရိုးရာ ပလောင်တောင်ယာဟင်း ချက်နည်း

ရှူးရှဲရှူးရှဲနဲ့ ပွင့်ထွက်သွားမယ့် တိုင်းရင်းသားရိုးရာ ပလောင်တောင်ယာဟင်း ချက်နည်း

ပလောင်တောင်ယာဟင်းချက်ဖို့ ပါဝင်ပစ္စည်းများကတော့..

ဗမာကြက် ၄၀ ကျပ်သား၊ ကြက်သွန်ဖြူ ၄ ဥ၊ ဂျင်းလက်တဆစ်၊ စပါးလင် တပင်၊ ငြုပ်သီးရှည်ခြောက် ၆ တောင့်၊ ဖရုံညွန့်နဲ့ မုန်ညှင်းစိမ်း အနည်ငယ်စီ၊ မှို ၁၀ ကျပ်သား၊ ပင်စိမ်း တစည်း၊ ရှမ်းနံနံ အနည်းငယ်၊ သံပုရာသီး တလုံး၊ ငြုပ်သီးစိမ်း လက်တဆုပ်၊ ကြက်သွန်နီ ၂ လုံး တို့ ဖြစ်ပါတယ်။

ချက်ပြုတ်နည်းကတော့..

ကြက်သားကို အတုံးလေးတွေတုံး ရေဆေးပါ.. ဂျင်း ကြက်သွန်ဖြူ ငြုပ်ခြောက်ရှည်တောင့်ကို မညက်တညက် ထောင်းပါ.. ပြီးရင် ကြက်သားကို ဆား ဆနွင်းနဲနဲ အရသာမှုန့် ငံပြာရည် ထည့်ပီး ထောင်းထားတာနဲ့ ရောသမအောင် နယ်ပြီးနှပ်ထားပါ.. စပါးလင်အရင်းပိုင်းကို တစောင်းလှီးထားပါ..

ဒယ်အိုးတလုံးတွင် ရေတလီတာထည့်ပီးတည်ထားပါ.. ရေဆူရင် ကြက်သားလုံးထားတာနဲ့ စပါးလင်ကို ထည့်ပီးအဖုံးအုပ်ထားပါ.. ဆယ်မိနစ်ကြာလို့ ကြက်သားနူးလောက်ပီဆိုရင်.. မှို ကြက်သွန်နီလေးစိပ်ခွဲ ငြုပ်သီးစိမ်းထည့်ပီး ထပ်တည်ထားပါ.. အရသာပေါ့ငန်မြည်းပါ.. ပြီးရင် အညွန့်အရွက်စုံ ရှမ်းနံနံ ပင်စိမ်းတို့ကို ထည့်ပီးအဖုံးအုပ်ပီး မီးပိတ်လိုက်ပါ.. ပြီးမှသံပုရာရည်ညှစ်ပီး အသင့်စားလို့ရပါပြီ..

သောက်ဆမ်းဟင်းဖြစ်တဲ့အတွက် ဟင်းရည်အကျဲအပြစ်ကို လိုသလောက်ရေနွေးထည့်ပီး စားသုံးနိုင်ပါတယ်..

ဒေါ်ပုလက်ယာ

Leave a Comment

You cannot copy content of this page