International News

ကိုဗစ်ရဲ့ မူလအစကို စုံစမ်းစစ်ဆေးရန် (WHO) ပညာရှင်များ တရုတ်ပြည် ဝူဟန်မြို့သို့ ရောက်ပြီ

ကိုဗစ်ရဲ့ မူလအစကို စုံစမ်းစစ်ဆေးရန် (WHO) ပညာရှင်များ တရုတ်ပြည် ဝူဟန်မြို့သို့ ရောက်ပြီ..

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) မှ သုတေသီပညာရှင်အဖွဲ့သည် တရုတ်ပညာရှင်အဖွဲ့နှင့် ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်စ်အရင်းအမြစ်ကို လေ့လာသုတေသနပြုရန်အတွက် ဝူဟန့်မြို့သို့ ယနေ့ရောက်ရှိပြီဖြစ်သည်။

အဆိုပါ သုတေသီပညာရှင်အဖွဲ့သည် တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းစည်းမျဉ်းများအတိုင်း စစ်ဆေးမှုများခံယူပြီးမှသာလျှင် သုတေသနပြုမှုများကို ဆောင်ရွက်ကြမည်ဖြစ်သည်။

ယခု သုတေသီပညာရှင်အဖွဲ့သည် ကိုဗစ် ကပ်ရောဂါစတင်ချိန်မှ ယနေ့အထိကာလအတွင်းတွင် တတိယမြောက်ရောက်ရှိကြသောအဖွဲ့ဖြစ်ပြီး၊ ယမန်နှစ် ဖေဖေါ်ဝါရီနှင့် ဇူလိုင်လအတွင်းကလည်း WHO မှ ပညာရှင်အဖွဲ့ ၂ ဖွဲ့အား တရုတ်နိုင်ငံမှ ဖိတ်ခေါ်ခဲ့ဖူးသေးသည်။ ယခုအဖွဲ့မှာ ပညာရှင် ၁၀ ဦးလိုက်ပါလာတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးက ရောဂါစတင်ဖြစ်ပွားမှုအကြောင်း စုံစမ်းဖို့ တိုင်ကြားခဲ့ပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဦးဆောင်ပြီး စုံစမ်းခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံကို လာရောက်စုံစမ်းဖို့ လပေါင်းများစွာ ညှိနှိုင်းဆွေးနွေးခဲ့ပြီးနောက်မှ တရုတ်သမ္မတ ရှီကျင့်ဖျင်အစိုးရက အတည်ပြုပေးခဲ့ခြင်း ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် နှောင်းပိုင်းမှစပြီး လူပေါင်း ၁.၉ သန်း သေဆုံးခဲ့တဲ့ ဒီဗိုင်းရပ်စ်ပိုးဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက လင်းနို့တွေနဲ့ တခြားတိရစ္ဆာန်တွေကနေ ကူးစက်လာတယ်လို့ သိပ္ပံပညာရှင်တွေက သံသယရှိနေကြပါတယ်။ တရုတ်နိုင်ငံက ရောဂါပျံ့နှံ့မှုကို ခွင့်ပြုခဲ့တယ်ဆိုတဲ့ နိုင်ငံအသီးသီးက တိုင်ကြားချက်တွေကိုတော့ တရုတ်အစိုးရက ငြင်းဆိုထားပြီး ဗိုင်းရပ်စ်ပိုးဟာ ပြည်ပက ဝင်လာပြီး နိုင်ငံခြားက တင်သွင်းတဲ့ ပင်လယ်စာက ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ယနေ့ ဝူဟန်မြို့ကို WHO အဖွဲ့ရောက်ရှိလာတဲ့အကြောင်းကိုတော့ တရုတ်နိုင်ငံပိုင် CCTV သတင်းဌာနကနေ ဖော်ပြသွားပါတယ်။ ဒီပညာရှင်အဖွဲ့မှာတော့ အမေရိကန်၊ ဩစတြေးလျ၊ ဂျာမနီ၊ ဂျပန်၊ ဗြိတိန် အစရှိတဲ့နိုင်ငံတွေက ဗိုင်းရပ်စ်နဲ့အခြားကျွမ်းကျင်သူတွေ ပါဝင်နေပါတယ်။

ယခုလိုစုံစမ်းစစ်ဆေးမယ့်အဖွဲ့နဲ့ တရုတ်သိပ္ပံပညာရှင်တွေ အမြင်ချင်းဖလှယ်ပြီး စုံစမ်းစစ်ဆေးသွားမယ်လို့ တရုတ်အစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယခုတစ်ပတ်အတွင်း ပြောကြားခဲ့ပြီး သက်သေအထောက်အထား စုဆောင်းဖို့ ခွင့်ပြုခြင်း ရှိ မရှိ အတည်မပြုခဲ့ပါဘူး။

WHO သိပ္ပံညာရှင်အဖွဲ့အနေနဲ့ ဝူဟန်မှာ ရောဂါစစ်ဆေးမှု ခံရဦးမှာဖြစ်ပြီး ၂ ပတ်ကွာရန်တင်း ဝင်ရမယ်လို့ CGTN သတင်းဌာနက ဆိုပါတယ်။ လက်ရှိမှာတော့ ကွာရန်တင်း ရှိနေစဉ် တရုတ်ကျွမ်းကျင်သူတွေနဲ့ ဗီဒီယိုကွန်ဖရင် ပြုလုပ်နေတယ်လို့ သိရပါတယ်။

Leave a Comment

You cannot copy content of this page