Knowledge

အင်္ဂလန်ရဲ့ အမြင့်ဆုံး ထီပေါက်ခဲ့တဲ့ သန့်ရှင်းရေးလုပ်သား ငွေတွေ အကုန်သုံးပြီး မူလဘဝသို့ ပြန်ရောက်

အင်္ဂလန်ရဲ့ အမြင့်ဆုံး ဒေါ်လာ (၁၅) သန်း ထီပေါက်ခဲ့တဲ့ သန့်ရှင်းရေးလုပ်သား ငွေတွေ အကုန် ဖြုန်းသုံးခဲ့ပြီး မူလဘဝသို့ ပြန်ရောက်..

၂၀၀၂ ခုနှစ် အင်္ဂလန်နိုင်ငံရဲ့ အမြင့်ဆုံး ဒေါ်လာ (၁၅) သန်း ထီပေါက်ခဲ့တဲ့ Michael Carroll မစ်ချဲလ် ကာရို ဟာ အသက် (၁၉) နှစ်မှာ သန်းကြွယ် သူဌေးလေးဖြစ်ခဲ့ပါတယ်။

ထီပေါက်တဲ့အချိန်မှာ မစ်ချယ် က သန့်ရှင်းလုပ်သား တစ်ယောက်၊ ထီပေါက်ပြီး မကြာခင် ရေကန်တစ်ခုလည်း ပါပြီး အိမ်ခန်းသုံးခန်းပါတဲ့ အိမ်ကြီးတအိမ်ကို ဝယ်လိုက်ပါတယ်။

၂၀၀၄ ခုနှစ်မှာ ဒေါ်လာတစ်သိန်းလောက်တန်တဲ့ BMW ကားအသစ်ကို နံပါတ်ပြားမတပ်- အာမခံ မဆောင်လို့ ကားမောင်းလိုင်စင် (၆)လ ပိတ်ခံရပါတယ်။

၂၀၀၅ မှာ အပျော်တမ်းလက်ဝှေ့လောကကို ကိုယ်တိုင်ဝင် ထိုးခဲ့ပြီး စင်အောက်က လောင်းကြေးတွေနဲ့ ထပ်ကစားခဲ့ပါတယ်။

၂၀၀၆ မှာ သောက်စားပြီး ရမ်းကားတဲ့ အမှု (၄၂) မှု (ကားမှန်ခွဲ ဆိုင်ခန်းများဖျက်ဆီး) စွဲချက်တွေနဲ့ တရားရုံးမှာ ရင်ဆိုင်ဖြေရှင်းခဲ့ရပြီး ထောင် (၉) လ ကျခံဘို့ တရားရုံးက အမိန့်ချခဲ့ပါတယ်။

၂၀၀၈ မှာ ဖက်ရှင်မယ်တွေနဲ့ တယောက်ပြီးတယောက် တွဲပြီး သောက်စား ဆေးအလွန်သုံးစွဲနေတဲ့ ကာလမှာ ရင်းနှီးမြုပ်နှံတဲ့ စီးပွားရေး လုပ်ငန်းတွေ အရူံးပေါ်ခဲ့တဲ့နောက် အိမ်ကြီးကိုရောင်းပြီး တိုက်ခန်းလေးတခု မှာပြောင်းနေခဲ့ရပါပြီ။

၂၀၁၀ ခုနှစ်မှာ သူရဲ့ အလုပ်ဟောင်း (သန့်ရှင်းရေး) ဌာနကို မစ်ချဲလ်အလုပ်လာလျှေက်ခဲ့ပြီး သူထီပေါက်တဲ့ ငွေတွေအားလုံး ကုန်သွားပါပြီလို့ ဝန်ခံခဲ့ပါတယ်။

၂၀၁၂ မှာ မစ်ချဲလ် က ငွေတွေကို အမှိုက်တွေလို ပစ်သလို ပစ်မိခဲ့ကြောင်း UK သတင်းဌာနကို ဝန်ခံပြောဆိုခဲ့ပါတယ်။ (၂၀၁၂ ခုနှစ် ဒေါ်လာ ၁၅ သန်း ဆိုတာ အင်္ဂလန်ပေါင် ၉.၇ သန်းဖြစ်ပါတယ်)

အဲဒီငွေတွေကို ရက်ပေါင်း ၂၉၂၀ ရက်အတွင်း အကုန် ဖြုန်းသုံးခဲ့သူ အဖြစ် သမိုင်းတွင်ခဲ့ပါတယ်။

Leave a Comment

You cannot copy content of this page