News

မြန်မာပြည်မှာ နိုင်ငံခြားထီများ ပြဿနာဖြစ်ပါက ဖြေရှင်းပေးနိုင်သော ဥပဒေမ မရှိကြောင်း သတိပေး

မြန်မာပြည်မှာ နိုင်ငံခြားထီများ ပြဿနာဖြစ်ပါက ဖြေရှင်းပေးနိုင်သော ဥပဒေမ မရှိကြောင်း သတိပေး…

မြန်မာပြည်မှာ နိုင်ငံခြားထီကို အွန်လိုင်းမှတစ်ဆင့် ရောင်းချနေမှုများသည် ပြဿနာတစ်စုံတစ်ရာဖြစ်လျှင် ဖြေရှင်းပေးနိုင်သော တိကျသော ဥပဒေမလွှမ်းခြုံနိုင်ကြောင်း မြန်မာနိုင်ငံစားသုံးသူများသမဂ္ဂက သတိပေးပြောကြားထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံခြားထီထိုးခြင်းများသည် အရင်ကတည်းက ရှိခဲ့သော်လည်း ယခုလို COVID-19 ကာလမှာ အွန်လိုင်းမှတစ်ဆင့် စိတ်ဝင်တစား ကံစမ်းလာကြသူများ များလာလျက်ရှိတာဖြစ်ပါတယ်။

နိုင်ငံခြားထီကို အွန်လိုင်းမှတစ်ဆင့် ရောင်းချနေမှုများသည် ပြဿနာတစ်စုံတစ်ရာဖြစ်လာပြီး တိုင်ကြားလျှင်လည်း လိုအပ်သော သက်သေအထောက်အထား ရှားပါးကြောင်း သမဂ္ဂမှ အတွင်းရေးမှူး ဦးမောင်မောင်က သတိပေးပြောကြားထားတယ်လို့ သိရပါတယ်။

နိုင်ငံခြားထီများမှာ စင်္ကာပူထီနဲ့ ထိုင်းထီဟူ၍ လူသိများသော်လည်း ထိုင်းထီသည် (၁)လလျှင် (၂)ကြိမ်ထွက်ပြီး ဂဏန်း (၆)လုံး အက္ခရာမပါသောကြောင့် ပေါက်နှုန်းများသည်ဟု ထီကံစမ်းသူများက ယုံကြည်နေကြကြောင်း ဆိုပါတယ်။

ပြီးခဲ့သည့် ဇွန်လပိုင်းအတွင်းက ထိုင်းထီရဲ့ အမြင့်ဆုံးဆုတစ်ခုဖြစ်သည့် ဘတ် ၆ သန်းဆုကို ဘန်ကောက်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားမိသားစုမှ ဆွတ်ခူးခဲ့သည့်အတွက် မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ က ကူညီဆောင်ရွက်ပေးခဲ့တာလည်းဖြစ်ပါတယ်။

Leave a Comment

You cannot copy content of this page