ရုပ်ရှင်သရုပ်ဆောင် ခိုင်ခင်ဦး အား သရုပ်ဆောင်ခွင့် (၅) နှစ် ပိတ်ပင်တားမြစ်စဉ်က သတင်း

ရုပ်ရှင်သရုပ်ဆောင် ခိုင်ခင်ဦး အား သရုပ်ဆောင်ခွင့် (၅) နှစ် ပိတ်ပင်တားမြစ်စဉ်က သတင်း..

နဝတစစ်အစိုးရလက်ထက်တုန်းက သ‌ရုပ်ဆောင် ခိုင်ခင်ဦးကို မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော ဝတ်စားဆင်ယင်မှုများနှင့် စတိတ်ရှိုးဖျော်ဖြေပွဲများတွင် အများပြည်သူ ကြည့်ရှု၍ မသင့်အောင် ရိုက်ကူးပြသတယ်ဆိုပြီးတော့ အနုပညာပညာလုပ်ငန်းများ မပြုလုပ်ရန်တားမြစ်ခဲ့ပါတယ်။

၁၉၉၀-ခုနှစ်က ရန်ကုန်စတိတ်ရှိုးဖျော်ဖြေပွဲတစ်ခုမှာ သီဆိုဖျော်ဖြေခဲ့တဲ့ ဗီဒီယိုကြောင့်ဖြစ်ပါတယ်။ အဲဒီဗီဒီယိုမှာ အင်္ကျီလက်တစ်ဖက် ပုခုံးကပြုတ်ကျနေတာကို ဗီဒီယိုရိုက်ကူးသူက ရည်ရွယ်ချက်ရှိရှိ အနီးကပ်ဆွဲယူရိုက်ကူးတာတွေ တွေ့ရပါတယ်။ (ဒီကိစ္စနောက်ကွယ်မှာ နိုင်ငံရေးပယောဂလည်း ပါတယ်လို့ တချို့က ပြောကြပါတယ်။)

၂၀၂၀-ခုနှစ်က အင်တာဗျူးတစ်ခုမှာတော့ အနုပညာလုပ်ခွင့် (၅) နှစ် ပိတ်ပင်ခဲ့ပေမယ့်၊ (၂) လ ထဲနဲ့ အဆင်ပြေပြေ ကျေအေးပေးခဲ့တယ်လို့ သရုပ်ဆောင် ခိုင်ခင်ဦး က ဖြေပါတယ်။

သို့သော် အဲဒီကိစ္စဖြစ်ပြီးနောက်ပိုင်း ခိုင်ခင်ဦးကို အနုပညာလောကထဲမှာ သိပ်မတွေ့ရတော့ပါဘူး။ ခိုင်ခင်ဦး ဟာ ၁၉၈၂ ခုနှစ်က “မေတ္တာအသင်္ချေ” ဇာတ်ကားဖြင့် အကယ်ဒမီဆု (ဇာတ်ပို့) ရရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *