International News

အမေရိကန်သမ္မတ ထရမ့်နှင့် ကိုဗစ် ထိန်းချုပ်ကာကွယ်ရေးစင်တာတို့ကြား သဘောထားကွဲလွဲ

အမေရိကန် ကူးစက်ရောဂါထိန်းချုပ်ရေးဗဟို United States Centers for Disease Control (USCDC) ညွှန်ကြားရေးမှူး ရောဘတ် ရက်ဒ်ဖီးစ် က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းမှ ကာကွယ်ရန် ပါးစပ် နှာခေါင်းစည်း (Face Mask) ဝတ်ဆင်ခြင်းက အရေးအကြီးဆုံး ဖြစ်ကြောင်း၊ ပြည်သူတွေအတွက် ပါးစပ် နှာခေါင်းစည်း (Face Mask) ဝတ်ဆင်ခြင်းက ကာကွယ်ဆေး ထက် ပိုပြီး အကျိုးရှိ ထိရောက်ကြောင်း မနေ့က ဆီးနိတ် လွှတ်တော် ကြားနာပွဲမှာ အတည်ပြု ပြောကြားပါတယ်။

USCDC အကြီးအကဲ ဒါရိုက်တာ ရောဘတ် ရက်ဒ်ဖီးစ် ဟာ မနေ့က ဆီးနိတ်လွှတ်တော်ကြားနာပွဲကို တက်ရောက်ရာမှာ ပြည်သူတွေ အသုံးများတဲ့ Surgical Mask အပြာ ရောင်ကို ဝတ်ဆင်ထားပြီး၊ ပါးစပ်နှာခေါင်းစည်း Mask ရဲ့ ရောဂါပိုး ကာကွယ်ရန် အကျိုးသက်ရောက်မှု ပိုရှိကြောင်း ပြောကြားရာမှာလည်း ပြည်သူအများ ဝယ်ယူရန် လွယ်ကူတဲ့ Surgical Mask အပြာရောင်ကို သာလျင် ကိုင်ပြပြီး ညွှန်းဆိုသွားပါတယ်။

အဆိုပါ ညွှန်ကြားရေးမှူး၏ မှတ်ချက်များကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရှုပ်ထွေးစေကြောင်းပြောပါသည်။

ကွန်ဂရက်လွှတ်တော်ကော်မတီထံဝန်ခံပြောဆိုရာတွင် ၂၀၂၁ ခုနှစ် မတ်မှ စက်တင်ဘာအတွင်း ယေဘုယျသဘောအားဖြင့် ကာကွယ်ဆေးများရနိုင်မည်ဟု ညွှန်ကြားရေးမှူး ရောဘတ်ရတ်ဖီးကပြောသည်။ ကာကွယ်ဆေးထုတ်နိုင်မည့်အချိန် ပိုစောနိုင်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ထရမ့်ကပြောသည်။

လွှတ်တော်တွင်ထွက်ဆိုပြီးနောက် ရတ်ဖီးကိုဖုန်းခေါ်ပြီး မေးခွန်းထုတ်ခဲ့သောအခါ မေးခွန်းကြောင့် ရတ်ဖီးရှုပ်ထွေးသွားဟန်ပေါ်သည်ဟုလည်း ပြောသည်။ လာမည့်သီတင်းပတ်များအတွင်း ကာကွယ်ဆေးရနိုင်ပြီး အမေရိကန်အစားအစာနှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲ မှုဌာနက ခွင့်ပြုပြီးနောက် ကျယ်ပြန့်စွာဖြန့်ချိမည့်အစီအစဉ်လည်းရှိနေသည်ဟု ထရမ့်ကပြောသည်။

နိုဝင်ဘာ ၃ ရက် အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်မီ ကာကွယ်ဆေးနှင့်ပတ်သက်၍ တိုးတက်မှုရှိရန် ထရမ့်က စိတ်အားထက်သန်နေသည်။ နှာခေါင်းစည်းတပ်ခြင်းသည် ကာကွယ်ဆေးကဲ့သို့အစွမ်းထက်ကြောင်း ရတ်ဖီးကပြောသည်ကိုလည်း ထရမ့်ကဝေဖန်ခဲ့သည်။

အမေရိကန်နိုင်ငံသားများနှာခေါင်းစည်းတပ်ရန်အစီအစဉ်ကို ထရမ့်က အစောပိုင်းတွင် ဝန်လေးခဲ့ပြီးနောက်ပိုင်း တွင် ပို၍နှာခေါင်းစည်းတပ်ကြရန် တိုက်တွန်းနေသည်။ မကြာသေးခင်ကပြုလုပ်ခဲ့သည့် လူအများအပြားတက်ရောက်သည့်ထရမ့်၏အခမ်းအနားများတွင် တက် ေရာက်သူများ မျက်နှာကိုအကာအကွယ်များမဝတ်ဆင်လာကြချေ။

Leave a Comment

You cannot copy content of this page