International News

ထိုင်ဝမ် နယ်နိမိတ်ထဲ လေယာဥ်အုပ်ကြီးလွှတ်ပြီး မီးမွှေးလိုက်ပြန်တဲ့ ပေါက်ဖော်ကြီး

“ထိုင်ဝမ် နယ်နိမိတ်ထဲ လေယာဥ်အုပ်ကြီးလွှတ်ပြီး မီးမွှေးလိုက်ပြန်တဲ့ ပေါက်ဖော်ကြီး” (အမေရိကန် ဒုဝန်ကြီး ထိုင်ဝမ်ကို လာလို့ပါတဲ့)

တရုပ်တိုက်လေယာဥ် ၁၈ စီးဟာ အမေရိကန်ဒုဝန်ကြီးလာရောက်နေစဥ်မှာ ​​ခြောက်လှန့်တဲ့ပုံစံနဲ့ ကျွန်းအနား အထိပျံသန်း ဝင်ရောက်လာလို့ ထိုင်ဝမ်တိုက်လေယာဥ်တွေဟာ အရေးပေါ်ပျံတက်ခဲ့ရတယ်…

ယမန်နေ့ ၁၈/၉/၂၀၂၀ သောကြာနေ့မှာ တရုပ်တိုက်လေယာဥ် ၁၈ စီးဟာ ထိုင်ဝမ်ကျွန်းကို အနီးကပ် ဖြတ်ပျံသန်းပြီးနှောက်ယှက်လာလို့ ထိုင်ဝမ်တိုက်လေယာဥ်တွေအရေးပေါ်ပျံတက်ခဲ့ရပါတယ်.. တရုပ်လေယာဥ်တွေဟာ ထိုင်ဝမ်ရေလက်ကြားရဲ့အလယ်မျဥ်းကို ဖြတ်ကျော်လာခဲ့ပါတယ်.. အမေရိကန်စီးပွားရေးဒုဝန်ကြီး ရောက်ရှိနေတာကို မကျေနပ်လို့တုန့်ပြန်တဲ့အနေအထားကို လုပ်ပြခဲ့ပါတယ်…

တရုပ်တို့ဟာ စစ်ရေးလေ့ကျင့်မယ်လို့ ကြေညာထားခဲ့ပါတယ်.. ထိုင်ဝမ်နဲ့အမေရိကန်ပူးပေါင်းကြံစည်မှုတွေကိုမကျေနပ်ဘူးလို့ ပြောထားခဲ့တာပါ.. အမေရိကန်စီးပွားရေးရာဒုဝန်ကြီး Keith Krach ဟာ ထိုင်ဝမ်ကို ကြာသပတေးနေ့က ရောက်လာခဲ့ပါတယ်.. သုံးရက်ကြာမယ့်ခရီးစဥ် ဖြစ်ပါတယ်.. ကွယ်လွန်သွားတဲ့ထိုင်ဝမ်သမ္မတဟောင်း ဒီမိုကရေစီဖခင် Lee Teng-hui ရဲ့ အောက်မေ့ဖွယ်အခမ်းအနားကို တက်ရောက်မှာဖြစ်ပါတယ်.. ဒီခရီးစဥ်အပေါ် လိုအပ်တဲ့တုန့်ပြန်မှုတွေ လုပ်မယ်လို့ တရုပ်က ကြိုတင်ကြေညာထားခဲ့တယ်… ​

ခုလို ဖြစ်ပျက်ခဲ့တဲ့ ဖြတ်ကျော်ပျံသန်းမှုမှာ တရုပ်တိုက်လေယာဥ် ၁၈ စီးပါဝင်တယ်.. အရင်အခေါက်တွေကထက် ပိုများတဲ့ အရေအတွက်ဖြစ်တယ်လို့ ထိုင်ဝမ်ကပြောပါတယ်.. စက်တင်ဘာ ၁၈ ဗုံးကြဲ (၂) J16 ဖိုက်တာ (၈) J10 ဖိုက်တာ (၄) J11 ဖိုက်တာ (၄) ပါဝင်တယ်.. ထိုင်ဝမ်ရေလက်ကြားအလယ်မျဥ်းကို ဖြတ်ပြီး ထိုင်ဝမ်အနောက်တောင်ဖက် ADIZ (air defence identification zone) ကိုဝင်ရောက်လာတယ် လို့ ကာကွယ်ရေးဝန်ကြီးဌာန ရဲ့ အင်္ဂလိပ်ဘာသာနဲ့တွစ်တာမှာ ရေးသားဖော်ပြခဲ့ပါတယ်…

ROCAF (ထိုင်ဝမ်လေတပ်) ရဲ့ တိုက်လေယာဥ်တွေအရေးပေါ်ထပျံတက်ခဲ့ပါတယ်.. လေကြောင်းရန်ကာကွယ်ရေးမစ်ဆိုင်းစနစ်တွေကိုဖြန့်ပြီး ထောက်လှမ်းမှုလုပ်နိုင်ခဲ့တယ် လို့ဆိုပါတယ် ထိုင်ဝမ်လေတပ်လေယာဥ်တွေဟာ အရေးပေါ်ပျံတက်နေကျဖြစ်ပြီး တရုပ်တို့ဝင်ရောက်ထိုးဖောက်လာမှုတွေကြောင့် ကျင့်သားရနေပြီးသားပါ…

နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို က ” ကျုပ်တို့ဟာ အသုဘအတွက် ကိုယ်စားလှယ်အဖွဲ့လွှတ်တယ် ဒါကို စစ်ရေးတွေပြပြီးပူညံပူညံလုပ်နေတယ် ထားလိုက်မယ်ဗျာ ” လို့ပြောပါတယ်…

တရုပ်တိုက်လေယာဥ်တွေ ထိုင်ဝမ်ရေလက်ကြားကိုဖြတ်ကျော်လာခဲ့တဲ့ လမ်းကြောင်းကို ထိုင်ဝမ်က မြေပုံပေါ်မှာ တင်ပြခဲ့ပြီး နှစ်ဖက် စစ်လေယာဥ်တွေ သာမန်အားဖြင့် မဖြတ်သွားရမယ့်နေရာတွေကို တွေကိုပါဖော်ပြခဲ့ပါတယ်.. ထိုင်ဝမ်သတင်းမှာဖော်ပြတာကတော့ ထိုင်ဝမ်တိုက်လေယာဥ်တွေဟာ လေးနာရီအတွင်း ၁၇ ကြိမ်အရေးပေါ်ပျံတက်ခဲ့ကြရတယ်လို့ ရေးသားထားပြီး တရုပ်လေယာဥ်တွေ ဝေးဝေးနေကြဖို့လည်း သတိပေးခဲ့ပါတယ်…

အဲ့ဒိသတင်းစာ (Taiwan’s Liberty Times) မှာ ဖော်ပြထားတာ နောက်တစ်ခုကတော့ ထိုင်ဝမ် F16 တိုက်လေယာဥ်မှာ မစ်ဆိုင်းတွေတပ်ဆင်ထားတဲ့ ပုံကိုပါ ထည့်သွင်းဖော်ပြခဲ့ပါတယ်.. တရုပ်ဖက်က ဂလိုဘယ်တိုင်းမ် သတင်းစာက အယ်ဒီတာ Hu Xijin က ” အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဒါမှမဟုတ် ကာကွယ်ရေးဝန်ကြီးသာလာကြည့်ပါလား ငါတို့တိုက်လေယာဥ်တွေ ဟာထိုင်ဝမ်ကျွန်းပေါ်မှာ ပျံဝဲနေမှာပဲ အဲ့ဒီနေရာအပေါ်မှာကို လေ့ကျင့်ခန်းတွေ လုပ်ဦးမှာလို့ ရေးသားထားပါတယ်.. တရုပ်တိုက်လေယာဥ်တွေဟာ ပြီးခဲ့တဲ့လက ကျန်းမာရေးဝန်ကြီး Azar တိုင်ပေကိုလာတုန်းကလည်းအခုလို ရေလက်ကြားဖြတ်ကျော်ပျံသန်းတာလုပ်ခဲ့ကြပါတယ်… (pi lon)

Leave a Comment

You cannot copy content of this page