News

မြန်မာကျောင်းသားတွေရဲ့ သုံးပုံတစ်ပုံဟာ သင်္ချာတတ်မြောက်မှု စွမ်းရည် ပျမ်းမျှ အထက်တွင်ရှိနေ

မြန်မာကျောင်းသားတွေရဲ့ သုံးပုံတစ်ပုံဟာ သင်္ချာတတ်မြောက်မှုစွမ်းရည် ပျမ်းမျှ အထက်တွင် ရှိနေကြောင်းသိရသည်။

ဒီဇင်ဘာလအတွင်း ကျင်းပသည့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) နှင့် အရှေ့တောင်အာရှ ပညာရေးဝန်ကြီးများ အဖွဲ့အစည်း (SEAMEO) တို့ ပူးပေါင်းကျင်းပသည့် အရှေ့တောင်အာရှ မူလတန်း အဆင့်သင်ယူတတ်မြောက်မှုစစ်တမ်း (၂၀၁၉) ရလဒ်များ Southeast Asia Primary Learning Metrics (SEA-PLM) 2019 Results ထုတ်ပြန်ခြင်း အခမ်းအနားမှသိရသည်။

အဆိုပါ စစ်တမ်းကောက်ယူမှုမှ တွေ့ရှိချက်များအရ အားသာချက် များအဖြစ် SEA-PLM သည် စစ်တမ်း ကောက်ယူသည့် ဒေသတွင်းနိုင်ငံများ အနက် မြန်မာနိုင်ငံသည် ပထမဆုံး နိုင်ငံဖြစ်ခြင်း၊ မြန်မာကျောင်းသား များသည် စစ်တမ်းကောက်ယူခဲ့သည့် နိုင်ငံ ခြောက်ခုအနက် အခြားနိုင်ငံ သုံးခုထက်စွမ်းဆောင်ရည် ပိုမိုမြင့်မားခြင်း၊ စစ်တမ်းကောက်ယူသော အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ကျောင်းသား ကျောင်းသူများ၏ စွမ်းဆောင်ရည်၌ ကျား/မ ကွာဟချက် မရှိသလောက်နည်းပါးခြင်း၊

ကျောင်း အရွယ်အစား၊ ကျောင်းပစ္စည်း၊ လူမှု စီးပွားအခြေအနေတို့ ကွဲပြားသော် လည်း သင်ယူတတ်မြောက်မှုစွမ်းရည် ကွာဟချက်နည်းပါးခြင်း၊ မြန်မာနိုင်ငံ နှင့် မလေးရှားနိုင်ငံသာလျှင် စစ်တမ်း ကောက်ယူသော ခြောက်နိုင်ငံအနက် ကျောင်းသားတစ်ဦးလျှင် ကျောင်းသုံး ဖတ် စာအုပ်တစ်စုံနှုန်း ထောက်ပံ့ပေး ခြင်း၊ကျောင်းသား သုံးပုံတစ်ပုံ၏သင်္ချာ တတ်မြောက်မှုစွမ်းရည်မှာ ပျမ်းမျှ အထက်၌ရှိခြင်း၊ ကျောင်းသား လေးပုံ တစ်ပုံ၏ စာဖတ်စွမ်းရည်မှာ ပျမ်းမျှ အထက်၌ရှိခြင်း၊ ကျောင်းသား ငါးပုံ တစ်ပုံ၏ အရေးစွမ်းရည်မှာလည်း ပျမ်းမျှအထက်၌ရှိခြင်းတို့ကို စစ်တမ်း များမှ တွေ့ရှိရသည်။

လက်ရှိတွင် မူလတန်းကျောင်းထွက်မှုနှုန်းမှာ ၁ ရာခိုင်နှုန်းအောက်ပင် ရောက်ရှိနေကြောင်းသိရပြီး ၂၀၁၉ ခုနှစ်တွင် အလယ်တန်း၊ အထက်တန်းကျောင်း အပ်နှံမှုများခဲ့ကြောင်းသိရသည်။

Leave a Comment

You cannot copy content of this page