လူတွေသတိထားရအောင် ပြောပါရစေဗျာ (4.2.2023) ကိုယ့်တွေ့ဖြစ်ရပ်ပါ..
(4.2.2023) လှိုင်သာယာ မီးခွက်စျေး ကားဂိတ်မှာ လောင်းကစားဝိုင်းတစ်ခုကို တွေ့ပါတယ်.. ကျွန်တော်လည်း သူတို့ကို ကျော်ပြီး ရှေ့ခပ်လှမ်းလှမ်းမှာ ကားစောင့်နေတာပါ.. လူတွေလည်း တော်တော်များများရှိပါတယ်.. ခဏကြာတော့ ကျွန်တော့ဘက်ကို ကစားဝိုင်းက ရောက်လာပါတယ်.. အဲ့ချိန်ဖုန်းလာလို့ ဖုန်းထုတ်ပြောမိခဲ့ပါတယ်..
ဖုန်းပြောပီးတော့ သူတို့ဘက်လှည့်တစ်ချက်ကြည့်မိတယ်.. ကားကလည်းမြင်နေရပြီ ဦးလေးကြီးတယ်ယောက်က လက်ထဲကအကြွေကားခပိုက်ဆံကို ထိုးဖို့ပြောပါတယ်.. ကိုယ်လည်းမသိချင်ဆောင်နေခဲ့တယ်.. ကိုယ့်ကြားလိုက်တာက အဲ့ညီလေးတွက်ငါ ၇၀၀၀၀ ထိုးတယ်တဲ့.. ပြောပြီးတာနဲ့ နိုင်ပြီဆိုပြီး ကျွန်တော့်လက်ထဲ ငွေ ၇၀၀၀၀ လာထည့်တယ်.. သူ့ကိုလက်ဖက်ရည်ဖိုး ၅၀၀၀ ပဲပေးတဲ့..
ကျွန်တော်လည်း ကြောင်သွားတယ်.. မယူဘူး ကျွန်တော်သွားတော့မှာလို့ပြောတော့ ဝိုင်းဘေးက လူတွေက ယူလိုက်လေတဲ့ အလကားရတာကိုတဲ့ အတင်းဝိုင်းပြောကြတယ်.. ကျွန်တော်လည်း လူလိမ်တွေဆိုတာ သိတော့ ဘေးကကားစောင့်နေတဲ့ ဦးလေးကြီးလက်မောင်းကို ကိုင်ထားလိုက်တယ်.. အကူညီတောင်းတဲ့အနေနဲ့ပါ..
အဲ့ဦးလေးက တစ်ချက်တောင် ပြန်မကြည့်ဘူး.. ပိုက်ဆံလာပေးတဲ့ဦးလေးကြီးက ကျွန်တော်လက်ကို အကြာကြီးကိုင်ထားပြီး ပိုက်ဆံရေဖို့ပြောနေတာ ပြည့်လားမပြည့်လားပေါ့.. ကျွန်တော်လည်းမရေဘူး မယူဘူးလို့ပြောနေတုန်း တစ်ကိုယ်လုံးထုံလာပြီး ခေါင်းကနေ ရစ်ပြီးမူးလာတယ်.. မျက်လုံးပါဝေလာတယ် (တစ်ပြိုင်နက်ဖြစ်တာပါ)..
သတိနည်းနည်းကပ်နေတော့ လက်မောင်းကိူင်ထားတဲ့ ဦးလေးလက်ကို လွှတ်ပြီး ပိုက်ဆံလာပေးတဲ့ဦးလေးလက်ကို ခါပြီး ဘေးမှာ အန်တီကြီးသားမိရှိတာသိတော့ အန်တီကြီးလက်မောင်းကိုအတင်းသွားဆွဲပြီး အကူညီတောင်းပါတယ်.. အန်တီကျွန်တော့်ကို ကူညီပါ ဟိုလူကိုင်လိုက်တာ ကျွန်တော့မူးပြီး သတိလစ်တော့မယ်ဆိုပြီး တကယ်လည်း သတိလစ်တော့မှာပါ သတိထားနေလို့ပါ.. အဲ့အန်တီကြီးက မီးခွက်စျေးဘက်ခေါ်သွားပေးတယ်.. သူ့လက်မောင်ကို ကျွန်တော်မလွှတ်ဘူး ရောက်တဲ့အထိ အမူးပြေမှ သံပုရာသီးဝယ်ပြီး ကျွန်တော့်ကိုစီးမဲ့ကားပေါ်တင်ပေးပါတယ်.. ကျေးဇူးတင်ပါတယ် အန်တီရေ ကျွန်တော် လက်အုပ်ချီးပြီးပြောခဲ့ပါတယ်..
သူတော်ကောင်းနဲ့ တွေ့ခဲ့လို့ပေါ့ ရှိတာလေးကုန်တော့မလို့.. မှတ်ချက်.. ကားဂိတ်မှာ လောင်းကစားဝိုင်းတွေတွေ့ရင် အဲ့နားတောင်မသွားကြပါနဲ့ အဖွဲ့က ၇ ယောက်လောက်ရှိပါတယ်.. အားလုံးပဲ သတိထားကြပါ.. (ပုံက အလားတူ လောင်းကစားဝိုင်းတခုရဲ့ ပုံအဟောင်းပါ) (KoKo Paing)