Knowledge

သူ့လို တိုင်းပြည်အပေါ် တာဝန်ကျေတဲ့ လ.ဝ.က ဝန်ထမ်းမျိုး နိုင်ငံဝန်ထမ်းတိုင်းမှာ ရှိစေချင်ပါတယ်

သူ့လို တိုင်းပြည်အပေါ် တာဝန်ကျေတဲ့ လ.ဝ.က ဝန်ထမ်းမျိုး နိုင်ငံဝန်ထမ်းတိုင်းမှာ ရှိစေချင်ပါတယ်…

သက်ကြီးရွယ်အို ထောက်ပံ့ကြေးရဘို့ ကျွန်တော်ထုတ်ပေးလိုက်သော (အိမ်ထောင်စုစာရင်း) တစ်ခုအကြောင်း..

တနေ့က ရွေးကောက်ပွဲကော်မရှင် အစည်းအဝေးအပြီး ရုံးထဲကထွက်အလာ လူရည်သန့်တစ်ယောက်က ဆရာ ကျွန်တော် (–)ကျေးရွာအုပ်စုရဲ့ အုပ်စုစာရေးပါတဲ့..

ကျွန်တော်က ဟုတ်ကဲ့စာရေးကြီး ပြောပါဆိုတော့..

အကူအညီလေးတစ်ခုတောင်းချင်လို့ပါဆရာ၊ ဆရာက သဘောကောင်းတယ်ကြားလို့ တောင်းကြည့်တာပါတဲ့..

ကျွန်တော်- တစ်ခုမဟုတ်ဘူး နှစ်ခု အကူအညီတောင်းလည်း ကျွန်တော်ကူညီနိုင်တာဆိုလျှင် ကူညီပေးမှာပါဗျလို့ဆိုတော့

စာရေးကြီး- ဒီလိုပါဆရာ ရွာမှာအသက်(၈၀)ကျော်အဘွားတစ်ယောက်အိမ်ထောင်စုစာရင်းမရှိလို့ အသက်ကြီးတဲ့သူတွေကို ထောက်ပံ့ကြေးတွေပေးတိုင်းတစ်ခါမှမရဘူးဖြစ်နေလို့ အဲ့ဒါသူ့ကိုအိမ်ထောင်စုစာရင်းလေးလုပ်ပေးချင်လို့ပါဆရာတဲ့

ကျွန်တော်- စာရေးကြီးပြောတဲ့အဘွားက ဘာလို့အိမ်ထောင်စုစာရင်းမရှိတာလဲလို့မေးတော့

စာရေးကြီး- အဘွားရဲ့အိမ်ထောင်စုစာရင်းက ပျောက်ဆုံး/ပျက်စီးသွားတာကြာပြီဆရာ၊သူ့ယောက်ျား မသေခင်ကတဲကပါ

ကျွန်တော်- ဪ.. စာရေးကြီးရယ် ဒါလေးများ၊ အဘွားရဲ့အိမ်ထောင်စုစာရင်း ပျောက်ဆုံးကြောင်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနဲ့ ရဲစခန်းထောက်ခံချက်ကလေးသာယူလာခဲ့၊ကျွန်တော်ရုံးလက်ခံအိမ်ထောင်စုစာရင်းကနေ (မိတ္တူ)ကူးပြီး ပြန်ထုတ်ပေးပါ့မည်

စာရေးကြီး- ဆရာတို့ရုံးကို ယခင်ကလည်းလာပြီးပြီ၊ အဘွားရဲ့အိမ်ထောင်စုက ရုံးလက်ခံလည်းမရှိတော့ဘူးတဲ့ဆရာ

ကျွန်တော်- ဟေ(ရင်ခေါင်းသံဖြင့်) ဒါဆိုသူကဘယ်ကပြောင်းလာတာလဲ? ဘာလူမျိုးလည်း? မှတ်ပုံတင်ရောရှိလား?

စာရေးကြီး- သူကနဂိုရ်ကတဲကဒီရွာကပါဆရာ၊ ဗမာစစ်စစ်ပါ၊ မှတ်ပုံတင်လည်းမရှိဘူးဆရာ

ကျွန်တော်- ဒါဆိုသူ့မှာသားသမီးတွေမရှိဘူးလားစာရေးကြီး

စာရေးကြီး- ရှိပါတယ်ဆရာ၊ ရွာမှာအဘွားရဲ့သားသမီးအရင်း သုံးယောက်ရှိပါတယ်၊ အားလုံးအိမ်ထောင်ခွဲတွေ၊ သူတို့အိမ်ထောင်စုနဲ့သူတို့ပါဆရာ

ကျွန်တော်- ရွေးကောက်ပွဲမဲစာရင်းမှာ‌ရော အဘွားရဲ့နာမည်ပါလားစာရေးကြီး

စာရေးကြီး- ၂၀၁၅ ခုနှစ်စာရင်းရော ၂၀၂၀ စာရင်းမှာပါ ပါပါတယ်ဆရာ

ကျွန်တော်- ဒါဆိုကျွန်တော့ကိုအဘွားရဲ့သားသမီးအရင်း သုံးယောက်ရဲ့နာမည်လေးတွေပေးဗျာ၊ ဖုန်းနံပါတ်လေးရရင် ပိုကောင်းမည်

စာရေးကြီး- ဆရာဒီမှာ ဒါကအဘွားရဲ့သမီးဒေါ် (ဖြူ), ဒါကအဘွားရဲ့သားဦး(မဲ), ဒါကဦးမဲရဲ့ဖုန်းနံပါတ်(၀၉—), ဒါကအဘွားရဲ့သားငယ်ဦး(ထွေး) ပါဆရာ (အမည်လွဲ)

ကျွန်တော်- ဖုန်လေးကိုဖွင့်ပြီး (၀၉၀—)ကိုဆက်လိုက်တယ်၊ ဖုန်းကဆိုက်ဆိုက်မြိုက်မြိုက်ပဲအဆက်အသွယ်ရတာနဲ့ hello (–)ရွာက ဦးမဲပါလားခင်မျ?

ဦးမဲ- ဟုက်တယ်-ဘယ်သူတုံး

ကျွန်တော်- ကျွန်တော်အိမ်မဲမြို့လဝကဦးစီးမှူးပါ တစ်ခုလောက်မေးချင်လို့ပါ

ဦးမဲ- ဘာမေးမှာတုံးဗျ မေးမေး

ကျွန်တော်- ခင်းများက အဘွားဒေါ်( )ရဲ့သားလားခင်မျ

ဦးမဲ- ဟုတ်တယ်ဦးစီး၊ အမေကအခုကျွန်တော့အိမ်မှာပဲနေပါတယ်

ကျွန်တော်- ခင်များရဲ့အဖေနာမည်ကဘယ်သူလဲ၊ ခင်များမှာနိုင်ငံသား မှတ်ပုံတင်ရှိလား?၊ အိမ်ထောင်စုစာရင်းရောရှိလား?

ဦးမဲ- ကျွန်တော့အဖေက ဦးသိန်းပါ ကျွန်တော်မှာမှတ်ပုံတင်ရောအိမ်ထောင်စုစာရင်းရောရှိပါတယ်ဦးစီး

ကျွန်တော်- ခင်များရဲ့အိမ်ထောင်စုစာရင်းထဲမှာ ခင်များအမေရဲ့နာမည်မပါဘူးလား

ဦးမဲ- မပါဘူးဦးစီး အမေက အဖေဆုံးပြီးကတဲက ဟိုနားနေလိုက် ဒီနားနေလိုက်နဲ့ဘယ်သူ့အိမ်ထောင်စုထဲမှာမှမပါဘူး၊ သူ့အိမ်ထောင်စုလည်းပျောက်တာကြာပြီဦးစီး

ကျွန်တော်- ကျွန်တော့ကို ခင်များရဲ့မှတ်ပုံတင်နဲ့အိမ်ထောင်စုစာရင်းကို ဓါတ်ပုံရိုက်ပြီး viber နဲ့ပို့ပေးလို့ရမလား? ခင်များအမေကိုအိမ်ထောင်စုစာရင်းလုပ်ပေးမလို့၊ ခင်းများတို့က ကိုယ့်ကိုမွေးထားတဲ့အမေကို ဘာလို့အိမ်ထောင်စုစာရင်းထဲထည့်မထားကြတာလဲဗျ

ဦးမဲ- ဟုတ်ကဲ့ရပါတယ်ဦးစီး၊ အမေက တစ်ခါတလေ အစ်မဆီမှာနေ တစ်ခါတလေညီဆီမှာနေ တစ်ခါတလေကျွန်တော့ဆီမှာနေနဲ့ပြီးတော့ ဒီရွာသူဆိုတော့ သူကိုလည်းအားလုံးကသိနေကြတာဆိုပြီး အမှုမဲ့အမှတ်မဲ့နဲ့နေမိတာပါဦးစီး

ကျွန်တော်- ဟုတ်ပါပြီ ခင်များရဲ့ မှတ်ပုံတင်နဲ့အိမ်ထောင်စုစာရင်း ဓါတ်ပုံရိုက်ပြီး viber နဲ့ အခုပို့ပေးအုံး

ဦးမဲ- ဟုတ်ကဲ့ဦးစီးအခုပို့လိုက်ပါမည်

ကျွန်တော်- ဦးမဲရဲ့ မှတ်ပုံတင်နဲ့အိမ်ထောင်စုစာရင်းကိုကြည့်လိုက်တဲ့အခါ အဖေ အမေ ‌နာမည်တွေအားလုံးမှန်နေတာကိုတွေ့ရတော့ သက်ဆိုင်ရာတိုက်နယ်မှူး (ကျေးရွာတာဝန်ခံလဝကဝန်ထမ်း)ကိုခေါ်ပြီး (–)ရွာရဲ့အိမ်ထောင်စုစာရင်းရုံးလက်ခံမှာ ‌အဘွားရဲ့သားသမီးသုံးယောက်ဖြစ်တဲ့ ဒေါ်ဖြူ၊ ဦးမဲ၊ ဦးထွေး(ဘ)ဦးသိန်းရဲ့အိမ်ထောင်စုတွေကိုရှာခိုင်းပြီး နိုင်ငံသားမှတ်ပုံတင်တွေကိုမှတ်ကာ နိုင် ၄ (နိုင်ငံသားမှတ်ပုံတင်ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ်) ဆေးကြည့်ရာအားလုံးကိုက်ညီမှုရှိသည်ကိုတွေ့ရှိရတဲ့အတွက် အဘွား(–)ရဲ့အိမ်ထောင်စုစာရင်းနှစ်စောင်ကို သေခြာစွာဖြည့်သွင်းပြီး အိမ်ထောင်စုအမှတ်စဉ်တပ်ကာ ထုတ်ပေးရတဲ့အကြောင်းမှတ်ချက်ပြည့်စုံစွာရေးသွင်းပြီး ရုံးတံဆိပ် တိုက်နယ်မှူးတံဆိပ် မြို့နယ်မှူးတံဆိပ် စသည်တို့ကိုရိုက်နှိက်၍ လက်မှတ်ရေးထိုးကာ တစ်စောင်ကိုရုံးလက်ခံ(၆၆/၅)အဖြစ်သိမ်းဆည်းထားပြီး ကျန်တစ်စောင်ကို အဘွားအတွက် အိမ်ထောင်စုစာရင်းပုံစံ ၆၆/၆ အဖြစ်စားရေးကြီးထံသို့ပေးလိုက်ပါသည်..

ထိုအခါစာရေးကြီးမှ အိပ်ထောင်အတွင်းသို့လက်ကိုနှိုက်ကာ ဆရာဘယ်လိုလုပ်ပေးရမလဲလို့ ကျွန်တော့အားမေးလာတော့..

ကျွန်တော်က ဒီအိမ်ထောင်စုစာရင်းကို အဘွားလက်ထဲကိုထည့်ပေးပြီး နောင်သက်ကြီးရွယ်အိုတွေကို ထောက်ပံ့ကြေးပေးတဲ့အခါ အဘွားလည်းရအောင်ဆောင်ရွက်ပေးပါ၊ အဘွားမှတ်ပုံတင်ရဘို့ ဆက်လက်လုပ်ဆောင်ပေးပါမည်ဟုပြောပြီး နောင်အဘွားနဲ့တွေ့တဲ့အခါ ဘာတွေဆက်ပြီးကူညီရမလဲဟုတွေးလျှက်..

ဤလိုမျိုး ပုံစံတူ အကြောင်းအရာကွဲ များစွာကို ဆက်လက်ကြုံတွေ့ ဆောင်ရွက်ပေးခြင်းဖြင့် စိတ်ချမ်းသာမှုများကို ကြိုးစားပေးသွားပါမည်ဟုသာ.. (Tharr PU)

ZN.H

Leave a Comment

You cannot copy content of this page