အိန္ဒိယက အမေရိကန်သမ္မတထရမ့်ကို ရုပ်ထု ထုလုပ်ကာ ကိုးကွယ်ထားသူ အသက် ၃၂ နှစ်အရွယ် Bussa Krishna Raju ဟာ တနင်္ဂနွေနေ့က ကွယ်လွန်သွားရှာပါပြီ။ ရာဂျူးဟာ ထရမ့်ကို အသည်းစွဲကြည်ညိုပြီး လူတွေဘာပြောပြောဂရုမစိုက်ပဲ ထရမ့်နတ်ဘုရားအဖြစ် အိမ်မှာကိုးကွယ်ထားခဲ့တာပါ။
ရာဂျူးက အိန္ဒိယတောင်ပိုင်း Telangana ရှိ Konney ရွာမှာနေပါတယ်။
လွန်ခဲ့တဲ့ ၄ နှစ်မှာ တည ထရမ့် က သူ့အိမ်မက်ထဲကိုကြွလာပါသတဲ့။ အဲ့ဒီကစပြီး သူလည်း နမိတ်ကောင်းပဲဆိုပြီး ထရမ့် ကို ဆုတောင်းပါသတဲ့။ ထရမ့် က Property အိုးအိမ်လုပ်ငန်းသူဌေးဆိုတော့ သူရဲ့ property agent အိမ်ပွဲစားအလုပ်တွေအဆင်ပြေပါစေပေါ့။
တိုက်တိုက်ဆိုင်ဆိုင် သူ့ရဲ့အိမ်ပွဲစားအလုပ်တွေကောင်းလာပြီး သူလည်းထောလာတဲ့အတွက် သူ့အိမ်ကို ထရမ့် နတ်ကွန်းလုပ်ပြီး.. သက်ရှိ ထရမ့် အရွယ်ရုပ်တုလုပ်ကာ ပူဇော်ထားပါသတဲ့။ သူ့အမျိုးတွေကတော့ မကြည်ဘူးပေါ့။ ဒီကောင်ကြောင့် အမျိုးတွေအရှက်ကွဲတယ်ပေါ့။ သူကတော့ “ဘာဆိုင်လို့လဲ၊ သူတို့ Shiva ကို ကိုးကွယ်သလို ငါလည်း Trump ကို ကိုးကွယ်တာပဲ” တဲ့။
လွန်ခဲ့တဲ့တစ်ပတ်ကျော်က ထရမ့်မှာ ကိုဗစ် ကူးစက်ပြီး ကိုဗစ်ဖြစ်တယ်လည်းကြားရော ရာဂျူးတစ်ယောက် ခြေမကိုင်မိလက်မကိုင်မိဖြစ်ကာ စိုးရိမ်ပူပန်နေပါတော့တယ်။ ရာဂျူးဟာ ထမင်းမစားဟင်းမစားဖြစ်ကာ ထရမ့်အတွက် တချိန်လုံးဆုတောင်းဝတ်ပြုနေပါတော့တယ်။ ညဘက်လည်းမအိပ်ပဲ ထရမ့်ကျန်းမာပါစေကြောင်း ဆုတောင်းဝတ်ပြုပါတယ်။ အဲ့ဒီတုန်းက သူငိုနေတဲ့ ဗီဒီယိုကိုကြည့်ခဲ့ရပါသေးတယ်။
တကယ်တော့အိမ်မှာ ရုပ်ထု ထုကာမကိုးကွယ်ခင် လွန်ခဲ့တဲ့လေးနှစ်ကတည်းက သူကဘုရားစင်လေးနဲ့ ထရမ့်ဓာတ်ပုံထည့်ပြီးကိုးကွယ်ခဲ့တာပါ။ သူ့အတွက်ကတော့ ထရမ့်က ၃၈ မင်းပေါ့။ ထရမ့်ရဲ့ရုပ်တုက ၆ ပေအမြင့်ရှိပြီး သူ့အိမ်ကိုလည်း ထရမ့်ဘုရားကျောင်း Trump Temple အဖြစ်နာမည်ပေးထားပါတယ်။
အဲ့လိုစကိုးကွယ်ခဲ့တာကလည်း ထရမ့်ကသူ့ကိုအိမ်မက်ပေးလို့ပါတဲ့။ အိမ်မက်ထဲမှာ အိန္ဒိယနဲ့ပါကစ္စတန်ခရစ်ကတ်ပွဲမှာ အိန္ဒိယနိုင်လိမ့်မယ်လို့ ထရမ့်ကကြိုပြောခဲ့ပြီး တကယ်လည်းအပြင်မှာ နိုင်ခဲ့ပါတယ်။
ရာဂျူးခမျာ ထရမ့်အတွက် မအိပ်နိုင်မစားနိုင် ဆုတောင်းဝတ်ပြုရင်း တနင်္ဂနွေနေ့က နေ့လည်က သူ့အမျိုးတစ်ယောက်အိမ်မှာ လက်ဖက်ရည်သောက်နေရင်း နှလုံးခုန်ရပ်ပြီးသေဆုံးသွားရှာပါတယ်။
ရာဂျူးတစ်ယောက် ထရမ့်မိသားစုထဲမှာများလူဖြစ်လေမလား၊ ကောင်းကင်ဘုံကပဲစောင့်နေမလား မသိပါ။
Richard Myo Thant