Knowledge

အမေရိကန်နိုင်ငံ နယူးယောက်မြို့၏ အရှေ့ဘက် မြစ်အတွင်းမှာရှိသော ဦးသန့်ကျွန်း အကြောင်း

အမေရိကန်နိုင်ငံ နယူးယောက်မြို့၏ အရှေ့ဘက် မြစ်အတွင်းမှာရှိသော ဦးသန့်ကျွန်း အကြောင်း..

ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သူ မြန်မာနိုင်ငံသား ဦးသန့်အား ဂုဏ်ပြုထားသည့် ဦးသန့်ကျွန်းသည် အမေရိကန်နိုင်ငံ၊ နယူးယောက်စီတီးမြို့၏ အရှေ့ဘက်မြစ် (East River) အတွင်းမှာရှိသော ကျွန်းငယ်လေးဖြစ်သည်။ အတိအကျ ပြောရလျှင် ကုလသမဂ္ဂရုံးချုပ်နှင့် ဂမ့်တရီပလာဇာ စတိပ် Gantry Plaza State ပန်းခြံကြား၌ရှိသော အရှေ့ဘက်မြစ်အတွင်းမှ ကျွန်းငယ်လေး ဖြစ်ပေသည်။

ထိုကျွန်းသည် အမှန်မှာ သဘာဝကျွန်း မဟုတ်ပဲ လူလုပ်ကျွန်းသာဖြစ်ပါသည်။ ၁၉၈ဝ-ခုနှစ်နှောင်းပိုင်းက ဂျာမနီလူမျိုး အမေရိကန်ရောက် စီးပွားရေးလုပ်ငန်းရှင် ဝီလီယံ စတိန်းဝေးမှ ပြုလုပ်ဖန်တီးခဲ့ခြင်း ဖြစ်ပါသည်။ မြစ်တစ်ဖက်ကမ်းနှင့် တစ်ဖက်ကမ်း ရေအောက်ဖြတ်ရထားလှိုဏ်ဂူ ဆောက်ရန် ပြုလုပ်ခြင်း ဖြစ်ပေသည်။ ယင်းအစီအစဉ်ကြောင့် ကျွန်းငယ်လေးကိုပါ လုပ်ဖြစ်ခဲ့ခြင်း ဖြစ်ပေသည်။

ထို့ပြင် ယင်းကျွန်းကလေးဆီသို့ ရေပေါ်မှလည်း ကောင်း၊ လိုဏ်ဂူထဲမှလည်းကောင်း အရောက်သွားနိုင်အောင် ပြုလုပ်ထားသည်။ ယင်းကုန်းမြေလေးကို ၁၉၇၇-ခုနှစ်ရောက်မှ ကျွန်းတစ်ခုအဖြစ် ကုလသမဂ္ဂဝန်ထမ်းများ၏ အားထားလေးစား သော ဒဿနပညာရှင်၊ ဂုရု Sir Chinmoy က ဦးဆောင်ပြီး အတည်ပြုပေးလိုက်ခြင်း ဖြစ်ပါသည်။

Sir Chinmoyသည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သော ဦးသန့်၏ အရင်းနှီးဆုံး မိတ်ဆွေတစ်ဦးလည်း ဖြစ်ပေသည်။ ထို့ကြောင့် Sir Chinmoy ကိုယ်တိုင်က ယင်းကျွန်းကို ဦးသန့်ကျွန်း (U Thant Island)ဟု အမည်ပေးလိုက်ပါသည်။ ယခင်အမည်မှာ Belmont ကျွန်းဖြစ်ပါသည်။ အရွယ်အစားအား ပေ ၁ဝဝx၂ဝဝ ပတ်လည်သာရှိသော ထိုကျွန်းကို ကမ္ဘာ့အထူး ဆန်းဆုံးကျွန်း ဆယ်ခုစာရင်းထဲတွင် ထည့်သွင်းခဲ့ပေသည်။ အမေရိကန်နိုင်ငံရှိ အသေးငယ်ဆုံးကျွန်းလည်း ဖြစ်ပေသည်။

၁၉၉၉-ခုနှစ်တွင် နယူးယောက်တိုင်းမ်မဂ္ဂဇင်းမှ ၃ဝ-ရာစု၌ ပျောက်ကွယ်သွားမယ့် ကျွန်းဟုဖော်ပြခဲ့ပါသည်။ ကုန်းပေါ်မှာ ငှက်များ၊ ရေအောက်မှာ ရေမှော်ရေညှိများတွယ်ပြီး လှပနေသော ဦးသန့်ကျွန်းလေးသည် ကမ္ဘာသိ ထူးဆန်းကျွန်းငယ်လေး တစ်ခုအဖြစ် တည်ရှိနေလေသည်။

ဦးသန့်ရရှိခဲ့သောဘွဲ့များ..

“ဝဏကျော်ထင်ဘွဲ့” မြန်မာနိုင်ငံအစိုးရ(၁၉၄၉)

“သီရိပျံချီဘွဲ့”မြန်မာနိုင်ငံအစိုးရ(၁၉၅၃)

“စည်သူဘွဲ့” မြန်မာနိုင်ငံအစိုးရ(၁၉၅၇)

“မဟာသရေစည်သူ” မြန်မာနိုင်ငံအစိုးရ(၁၉၆၁)

“ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင်” အာလီတန်တက္ကသိုလ်၊ ကနေဒါ(၁၉၆၂)

“ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင်” ပရင်စတန်တက္ကသိုလ်၊ နယူဂျာစီပြည်နယ်(၁၉၆၂)

“ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင်” တောင်ဟတ်ဒလေမောင့်ဟိုလ်ကောလိပ်၊ မက်ဆာချူးဆက်ပြည်နယ်(၁၉၆၃)

“ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင်” ကင်းဘရစ်ဟာဘတ်တက္ကသိုလ်၊ မက်ဆာချူးဆက်ပြည်နယ်(၁၉၆၃)

“ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင်” ဟင်နိုဗာဒတ်မောက်ကောလိပ်၊ နယူဟမ်ရှားပြည်နယ်(၁၉၆၃)

“ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင်” ကာလီဖိုးနီးယားတက္ကသိုလ်၊ ကာလီဖိုးနီးယားပြည်နယ်(၁၉၆၄)

“ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင်” ဒင်းဗားတက္ကသိုလ်၊ ကိုလိုရာဒိုပြည်နယ်(၁၉၆၄)

“ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင်” ဆွပ်သမိုးကောလိပ်၊ ပင်ဆင်ဗေးနီးယားပြည်နယ်(၁၉၆၄)

“ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင်” နယူးယောက်ယူနီဗာစီတီ(၁၉၆၄)

“ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင်” မော်စကိုတက္ကသိုလ်၊ ဆိုဗီယက်ယူနီယံ(၁၉၆၄)

“ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင်” အွန်တာရီယိုကင်းစတန်းဘုရင်မတက္ကသိုလ်(၁၉၆၅)

“ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင်” ဝါတာဗီလီကော်ဗိုင်းကောလိပ်(၁၉၆၅)

“ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင်” နယူဟေဗင်ရေး တက္ကသိုလ်(၁၉၆၅)

“ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင်” အွန်တေရီယိုဝင်တက္ကသိုလ်၊ ကနေဒါ(၁၉၆၆)

ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဟင်မလင်တန်ကောလိပ်၊ နယူးယောက်(၁၉၆၆)

ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဖော့ဒ်ဟင်းတက္ကသိုလ်၊ နယူးယောက်(၁၉၆၆)

“ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင်” မင်ဟတ်တန်ကောလိပ်၊ နယူးယောက်(၁၉၆၆)

၁၉၆၂ စက်တင်ဘာ တွင် ချက်ကိုစလိုဘက်ကီးယား နိုင်ငံ ပရက်မြို့တော်၊ ချားလ်စ် တက္ကသိုလ်၏ အနှစ်၆၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနားမှ ဦးသန့်ကို “ရွှေတံဆိပ်” ပေးအပ်ချီးမြင့်ခဲ့သည်။

၁၉၆၆ စက်တင်ဘာ ၂၈ တွင် အိန္ဒိယနိုင်ငံမှ ပေးအပ်သော “ဂျဝါဟာလာနေရူးဆု” ကို ရရှိခဲ့သည်။ ရူပီး တစ်သိန်း ရရှိသည်။ ၎င်းရရှိသော ဆုငွေကို ဦးသန့်ပညာတော်သင်ဆု အဖြစ် ကုလသမဂ္ဂကျောင်းသို့ပြန်လည် လှူဒါန်းခဲ့သည်။

ကမ္ဘာ့ငြိမ်းချမ်းရေးကို စွမ်းစွမ်းတမံဆောင်ရွက်သူများအတွက် ချီးမြင့်လေ့ရှိသောအမေရိကန် မှပေးသည့် “စတီဗင်ဖောင်ဒေးရှင်းဆု” ကိုလည်းရရှိခဲ့သည်။

၁၉၇၂ တွင် “ဂန္ဒီငြိမ်းချမ်းရေးဆု” ကို ရရှိသည်။

ဦးသန့်အားဂုဏ်ပြုခေါ်ဝေါ်ခဲ့သောနာမည်များ

ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အားကြိုးမာန်တက် ရှေးရှုလုပ်ကိုင်ကြသော အဖွဲ့အစည်းများနှင့် တစ်သီးပုဂ္ဂလများအား “ဦးသန့်ငြိမ်းချမ်းရေးဆု”အားတီထွင်ချီးမြှင့်သည်။

မလေးရှား၏ မြို့တော်ကွာလာလမ်ပူမှ သံရုံးများရှိသောလမ်းကို Jalan U Thant “ဦးသန့်လမ်း”ဟု ဦးသန့်ကို ဂုဏ်ပြုသောအားဖြင့် နာမည်ပေးခဲ့သည်။

ကုလသမဂ္ဂရုံးချုပ်၏ အရှေ့ဘက် မျက်နှာချင်းဆိုင်တွင်ရှိသော မြစ်အတွင်းရှိ ကျွန်းငယ်လေးအား “ဦးသန့်ကျွန်း” ဟု ဦးသန့်အား ဂုဏ်ပြုသော အားဖြင့်ခေါ်တွင်ခဲ့သည်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ကုလသမဂ္ဂတက္ကသိုလ် United Nations University (UNU) ဌာနချုပ်တွင် “ဦးသန့် ဂုဏ်ပြုသင်ကြားပို့ချချက်များ”ဟူသော သင်ခန်းစာကို ပုံမှန် သင်ကြားပေးလျှက်ရှိသည်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ကုလသမဂ္ဂတက္ကသိုလ် United Nations University (UNU) ဌာနချုပ်တွင် “အဓိကကွန်ဖရင့်ခန်းမကြီး”အား ဦးသန့်အမည်ဖြင့် မှည့်ခေါ်ထားသည်။

ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာသင်တန်းကျောင်း (United Nations International School) တွင် “ဦးသန့်ပညာသင်ဆု”ကို ပေးအပ်ချီးမြှင့်သည်။

၁၉၈၂ ခုနှစ်မှ စတင်၍ ဦးသန့်အား ဂုဏ်ပြုသောအားဖြင့် “ဦးသန့်ငြိမ်းချမ်းရေးဆု” ကို ကမ္ဘာ့ကုလသမဂ္ဂမှ ပေးအပ်ချီးမြှင့်ခဲ့ရာ နယ်လ်ဆင်မင်ဒဲလား၊ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါ II၊ မာသာ ထရီဆာ၊ ဒလိုင်းလာမား စသည့် အထင်ကရ ပုဂ္ဂိုလ်များလည်း ရရှိခဲ့ကြသည်။

Ref – Wiki
SitNyeinLu (ရှေးဟောင်းပုံရိပ်)

Leave a Comment

You cannot copy content of this page