International News

အမေရိကန်က ကိုဗစ်ဂုရုကြီး ‌ဒေါက်တာဖော်ဂျီကြောင့် ရောင်းအားတက်သွားရတဲ့ ဗီတာမင်ဆေးတွေ

လွန်ခဲ့တဲ့ ၃ ရက်က အမေရိကားက ကိုဗစ် ဂုရု ဒေါက်တာ ဖော်ဂျီ ပြောတဲ့ စကားတခွန်းကြောင့် ဗီတာမင် စီတွေ ဒီတွေ အတော်ရောင်းအားတက်သွားတယ်..

အမှန်သူပြောတာက ဗီတာမင်တွေကို မေ့လိုက်ပါ.. အဓိက ၃ချက် လိုက်နာပါ..

၁-အိပ်ရေးဝဝ အိပ်ပါ, ၂-အာဟာရပြည့်တဲ့ အစားအစာစားပါ, ၃-စိတ်ဖိစီးစေမဲ့ အရာတွေ မလုပ်ပါနဲ့ ဒါဆို သင့်ကိုယ်ခံအားကောင်းနေမှာပါ ဆိုပေမဲ့, အမေးထူတဲ့ အမေရိကန်တွေက ဆရာကြီးရဲ့ နေ့စဉ်ဒိုင်းယက်မှာ ဘာပါလဲဆိုတော့ ဟိုက ဗီတာမင် စီရယ် ဒီရယ် ပါတယ် ငါ့ရဲ့ ဒီလယ်ဗယ် ကို ပုံမှန်ထိန်းထားတယ်ဆိုပြီးပြောတယ်..

ဒါပေမဲ့ အွန်လိုင်းမှာ ဗီတာမင် ရောင်းသူတိုင်းက ဆရာကြီးဖော်ဂျီ သောက်တဲ့ စီတွေ ဒီတွေ ရပြီဆိုပြီး ဆရာကြီး နာမည်တပ်ပြီး ရောင်းတာ ဆရာကြီး ကြေငြာခမရပဲ အသုံးချခံလိုက်ရတယ်..

သူက အသက် ၇၀ ကျော်ပြီ.. သံပရာသီး အလုံးလိုက် မစားနိုင်တော့ဘူး.. ပြီးတော့ အမေရိကား က နေရောင်သိပ်မရဘူး.. ဒါကြောင့် ပြည်နယ်အလိုက် ဗီတာမင်ဒီ လိုအပ်ချက်တွေ ဘယ်လောက်ဆိုတာ ရှိတယ်.. ဒေါက်တာ ဉာဏ် နယူးယောက် မက်ထရိုပိုလီတန် ဆေးရုံ မှာ အလုပ်လုပ်နေတဲ့ ဘော်ဒါဆီ သွားလည်ရင်း မေးဘူးတယ် နင်တို့ ဆီမှာဗီတာမင်ဒီတွေကို အလုံးအရင်းစူပါဒိုစ့်တွေ ပေးလားဆိုတော့ မပေးပါဘူးဟယ် lab အဖြေအရ လိုမှပေးတာပါ တဲ့ တို့ဆီမှာ ရမ်းပေးလို့မှ မရတာ တဲ့…

ဆရာကြီး ဖော်ဂျီလည်း လိုလို့ ဒီတွေ ထည့်သောက်နေတာ နေမှာပါ..

အဓိက ပြောချင်တာ အသက် ၄၀ အထက် ၅၀, ၆၀, ၇၀ တန်းတွေ သောက်ချင်တာ မပြောပါဘူး.. ကလေးတွေ အသက် ၂၅ တွေ ၃၅ တွေ ဗီတာမင် အပိုထပ်ဖြည့်ဖို့ မလိုပါဘူး.. အသားဓာတ် အသီးအရွက် ကစီ မျှတ အောင်စားပါ ထမင်းချည်းပဲ ကြိတ်နေလို့တော့မရဘူး.. ဆံပင်တွေမွဲ လက်သည်းတွေ ခြောက်ပြီး အာဟာရ အရမ်းချို့တဲ့ရင်တော့ ပြင်ပဗီတာမင်တွေ ဖြည့်စွက်ဖို့ လိုမယ်..

မြန်မာတွေအတွက်က ဖေ့ဘုတ်ကို ညနက်အထိမကြည့်နဲ့ နိုင်ငံရေးသတင်းတွေမှာ မဖီးလ်နဲ့ ကိုဗစ် သတင်းမှာလည်း အရမ်းမခံစားနဲ့ ဘုရားတရားလုပ် ဒါဆို ကိုယ်ခံအားရပြီသာမှတ်.. (Nyan Win Phyo)

Leave a Comment

You cannot copy content of this page