International News

COVEX အစီအစဉ်ဖြင့် မြန်မာပြည် ကိုဗစ် ကာကွယ်ဆေးတွေ ထပ်ရတော့မည်၊ ဝမ်းသာစရာပါပဲ

COVEX အစီအစဉ်ဖြင့် မြန်မာပြည် ကိုဗစ် ကာကွယ်ဆေးတွေ ထပ်ရတော့မည်၊ ဝမ်းသာစရာပါပဲ..

နောက်ထပ် ဝမ်းသာစရာသတင်းတစ်ခုပါ။

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ COVEX အစီအစဥ်ဖြင့် နောက်ထပ် ကိုဗစ်ကာကွယ်ဆေးများကို ယခုနှစ် ပထမ (၃) လတာကာလအတွင်း ပထမအသုတ်အဖြစ်ရရှိမည် ဖြစ်သည်။

ကမ္ဘ့ာကျန်းမာရေးအဖွဲ့ကြီး WHO က COVAX အစီအစဥ်ဖြင့် ကိုဗစ်ကာကွယ်ဆေးသန်း (၁၀၀) ကို ပထမအသုတ်အဖြစ် ယခုနှစ်ပထမ (၃) လတကာလအတွင်း (ဇန်နဝါရီ၊ဖေဖော်ဝါရီ၊ မတ်) ပေးပို့သွားမည်ဟု ယနေ့နံနက်စောစောပိုင်းက သတင်းထုတ်ပြန်လိုက်ပါတယ်။ ယခုနှစ်ကုန်အထိ ကာကွယ်ဆေးအလုံးရေပေါင်း သန်း (၁၃၀၀) (၁.၃ ဘီလီယံ) ကို ကမ္ဘာအနှံ့ ပေးပို့သွားမယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ COVEX အစီအစဥ်မှာ ပါဝင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လို့ လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်း (၁၀.၈) သန်းကျော် လူဦးရေအတွက်စာ ရရှိမှာဖြစ်ပါတယ်။ COVEX အစီအစဥ်မှာ နိုင်ငံပေါင်း ၉၀ ကျော် ရှိနေလို့ မြန်မာအနေနဲ့ ပထမအသုတ်အနေဖြင့် ယခုနှစ်ကုန်ထိ ကာကွယ်ဆေးခွဲတမ်းအရေအတွက် ဘယ်လောက်ထိရမယ်ဆိုတာတော့ မသိရသေးပါဘူး။

Source/ WHO Media Center မှ ကျနော့်ဆီမေးလ်မှတဆင့် ဝင်ရောက်လာသည့် သတင်းထုတ်ပြန်ချက်မှ ဖြစ်ပါသည် (ကျော်စွာမင်း)

Leave a Comment

You cannot copy content of this page