International News

ရုရှားကိုဗစ်ကာကွယ်ဆေး ထိုးနှံခဲ့သူ (၇) ဦးမှာ (၁) ဦး ဘေးထွက်ဆိုးကျိုး ခံစားနေရဟု ဝန်ကြီး‌ဆို

Covid-19 အတွက် ရုရှားနိုင်ငံကထုတ်လုပ်ထားတဲ့ Sputnik V ကာကွယ်ဆေးကိုထိုးနှံထားခဲ့သူ စေတနာ့ဝန်ထမ်းတွေထဲ ၇ ဦးမှာ ၁ ဦးက ဘေးထွက်ဆိုးကျိုးတွေခံစားရတဲ့အကြောင်း ရုရှားကျန်းမာရေးဝန်ကြီးမီခေးလ်မူရက်ရှ်ကိုက ပြောကြားခဲ့ပါတယ်။

Sputnik V ကာကွယ်ဆေးကို ထိုးနှံသွားမယ်လို့ကြေညာထားတဲ့ စေတနာ့ဝန်ထမ်းဦးရေ ၄ဝဝဝဝ ရှိတဲ့အထဲက ၃ဝဝ ဦးကျော်မှာ ကာကွယ်ဆေးထိုးနှံထားခဲ့ပြီးပြီလို့လည်း ကျန်းမာရေးဝန်ကြီး မီခေးလ်မူရက်ရှ်ကိုက ပြောကြားခဲ့ကြောင်း ရုရှားနိုင်ငံပိုင်သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ကာကွယ်ဆေးထိုးထားသူတွေထဲက ပျမ်းမျှ ၁၄ ရာခိုင်နှုန်းလောက်က ဆေးထိုးပြီး ၂၄ နာရီအတွင်း အားနည်းနုံးချိတာ၊ ကြွက်သားကိုက်ခဲနာကျင်နဲ့ အခါအားလျော်စွာကိုယ်အပူချိန်တက်တာတွေခံစားရတဲ့အကြောင်း ကျန်းမာဝန်ကြီးမီခေးလ်မူရက်ရှ်ကိုက ပြောကြားခဲ့တာပါ။ နောက်တစ်ရက်မှာတော့ ဒီလက္ခဏာတွေကနေတည်ငြိမ်သွားကြပါတယ်လို့ ကျန်းမာဝန်ကြီးက ဆိုပါတယ်။ ထပ်တိုးဖြစ်လာနိုင်တဲ့ဒီလက္ခဏာတွေကို အညွှန်းတွေမှာလည်းဖော်ပြထားပြီး ကြိုတင်ခန့်မှန်းထားပြီးသားဖြစ်တယ်လို့လည်း ကျန်းမာရေးဝန်ကြီးကမီခေးလ်က ဆိုပါတယ်။

စေတနာဝန်ထမ်းတွေအနေနဲ့ ဒုတိယအကျော့ကာကွယ်ဆေးထိုးတာကိုတော့ ပထမအကြိမ်ထိုးအပြီး ၂၁ ရက်အတွင်းမှာ ထပ်ထိုးရမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လကမှ ရုရှားအစိုးရက အတည်ပြုလိုက်တဲ့ ဒီကာကွယ်ဆေးက ကမ္ဘာပေါ်မှာ လူသားအသုံးပြုအတွက် ပထမဦးဆုံးခွင့်ပြုချက်ရတဲ့ Covid-19 ကာကွယ်ဆေးလည်းဖြစ်ခဲ့ပေမယ့် ကာကွယ်ဆေးရဲ့နောက်ဆုံးအဆင့်စမ်းသပ်မှုတွေကိုတော့ အခုလအစောပိုင်းကမှ မော်စကိုမြို့မှာ စတင်ခဲ့တာဖြစ်ပါတယ်။

အဆင့်-၃ စမ်းသပ်မှုနဲ့တစ်ပြိုင်နက်တည်းမှာပဲ ရုရှားဒေသတွေဆီ ကာကွယ်ဆေးပမာဏအကန့်အသတ်နဲ့ ဖြန့်ဝေမှုလည်းစတင်ခဲ့ပြီး တစ်နိုင်ငံလုံးကပြည်သူတွေထိုးနှံမှုအတွက်ကိုတော့ နိုဝင်ဘာလကုန်ပိုင်းနဲ့ ဒီဇင်ဘာလအစောပိုင်းမှာ ရရှိနိုင်မယ်လို့ ကျန်းမာရေးဝန်ကြီးမီခေးလ်က ဆိုပါတယ်။

စက်တင်ဘာလ ၁၈ ရက်မှာ ရုရှားနိုင်ငံရဲ့ Covid-19 ကူးစက်သူဦးရေက (၁) သန်းကျော်ရှိခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ကိုဗစ် ကူးစက်မှုစာရင်းမှာ စတုတ္ထမြောက်အများဆုံးနိုင်ငံဖြစ်နေခဲ့ကာ ရုရှားနိုင်ငံရဲ့သေဆုံးသူကတော့ ၁၉၀၆၁ ဦးရှိခဲ့ပြီလို့ သိရပါတယ်။

Leave a Comment

You cannot copy content of this page