YBS ပေါ်မှာ တွေ့သမျှ မိန်းကလေးတွေ အနားကပ်ပြီး လိုက်ထောက်နေတဲ့ ပန်းသည်ဘိုးတော်

YBS ပေါ်မှာ တွေ့သမျှ မိန်းကလေးတွေ အနားကပ်ပြီး လိုက်ထောက်နေတဲ့ ပန်းသည်ဘိုးတော်..

ဒီနေ့ သီရိမဂ်လာဈေးကအတက် YBS 85 ပေါ်က နှာဘူးကြီးပါရှင်.. ညီမ‌ဒီနေ့မှ ကြုံဖူးတာပါ.. ညီမ YBS 85 ပေါ်စစတက်ချင်း ညီမအနားကို လာပါတယ်.. ပန်းရောင်းတဲ့သူပါ.. လက်မှာကျ ပုတီးတွေ ပက်ဆေးမင်ထိုး အင်ကျီလည်း မပါဘူး ဘောင်ဘီတိုနဲ့ပါ.. ညီမအနားလာပြီး ညီမကိုအရင်သူ့ငယ်ပါနဲ့ လာထောက်တာပါ.. ညီမကသိတော့ အိတ်ကို တင်ပါးဘက်ရွှေ့လိုက်ပါတယ်..

သူကအမိတဲ့ အိတ်ကိုအနောက်မထားနဲ့ပါချင်လို့လားတဲ့.. ညီမ သူ့နားကထွက်ပီး တစ်ခြားရွေ့လိုက်တော့ နောက်ထပ်တက်လာသမျှ မိန်းကလေး အဒေါ်ကြီးတွေကပါအစ အရှေ့လျှောက် အနောက်လျှောက်နဲ့လိုက်ထောက်ပါတယ်..

ခဏနေ ညီမနား ပြန်ရောက်လာပီး ဘေးကညီမလေးကို ထောက်တာပါ.. အဲ့ဒါနဲ့အနီးက အကိုနှစ်ယောက်ဆီ တိုးသွားပီး ကောင်မလေးကို ညီမခါးလှမ်းဆွဲပြီး ဘေးကအကို ကို ဟိုလူကညီမတို့ကိုအကျင့်မကောင်းဘူး လုပ်နေတယ်ပြောတော့.. သူ့ကိုနောက်တစ်ယောက်ထပ်လုပ်ရင် ဝိုင်းသမဖို့စောင့်နေချိန် မြေနီကုန်းမှတ်တိုင်ရပ်တာနဲ့ ဆင်းပြေးသွားတာပါရှင်..

ဝတ်ထားတာအတိုအပြတ် မပါပါဘူး.. အဲ့တာကို အကျင့်ယုတ်နေတာပါ.. သတိထားကြပါအမတို့ရေ.. ညီမက အစက ပါးရိုတ်မလို့.. မကောင်းဘူးလေ ဆိုပြီး ရှောင်လိုက်တာ ပါ.. အဲ့လိုလူတွေ ရှိနေသရွေ့ YBS စီးရတာ တော်တော် ကြောက်ရပါတယ်.. (Hnin Wai Lwin)

နောက်ထပ်ကြုံခဲ့ရသူ တဦးကတော့ အခုလို ပြောပါတယ်..

ညီမတုန်းကလဲ အဲ့အကောင်ပဲ.. လက်မှာ တက်တူးနဲ့ စောက်ခွက် တစ်သက်မမေ့ဘူး.. ဒင်းက ကိုယ်ကနေရာရွှေ့တာတောင် လိုက်ကပ်တယ်.. လှည့်ပြီးပါးရိုက်မယ်လုပ်တော့ ဘေးကအမက ကိုယ့်ကို ညီမလေး ဒီနားကိုလာဘာညာနဲ့ပြောတော့.. ဒင်းက အသည်းသန် သူမဟုတ်သလိုနဲ့ဆင်းပြေးတယ်.. ကားပေါ်က ယောက်ျားလေးတွေလဲ မြင်ရဲ့နဲ့ ဘာမှ မလုပ်ပေးနိုင်ကြဘူး.. အစကကိုယ်ကကြောက်နေတာ ဘသူများမြင်မလဲ ဘသူများကူညီ‌ပေးမလဲဆိုပြီး အမတစ်ယောက်က ကူညီတော့မှ ကိုယ်မှာပျော်ပြီး အဲ့အမ‌နားကပ်လိုက်ရတယ်.. (Misaki)

Leave a Reply

Your email address will not be published. Required fields are marked *