News

ရန်ကုန်တိုင်းဒေသကြီးမှာ ပြောင်းလဲလိုက်တဲ့ ခရိုင် (၁၄) ခရိုင် နှင့် ပါဝင်တဲ့ မြို့နယ်များ

ရန်ကုန်တိုင်းဒေသကြီးမှာ ပြောင်းလဲလိုက်တဲ့ ခရိုင် (၁၄) ခရိုင် နှင့် ပါဝင်တဲ့ မြို့နယ်များ..

ခရိုင် (၄) ခုဖြင့် ဖွဲ့စည်းထားတဲ့ ရန်ကုန်ကိုတော့ တိုက်ကြီးခရိုင်၊ လှည်းကူးခရိုင်၊ မှော်ဘီခရိုင်၊ မင်္ဂလာဒုံခရိုင်၊ အင်းစိန်ခရိုင် ၊ သင်္ဃန်းကျွန်းခရိုင် ၊ ဗိုလ်တထောင်ခရိုင်၊ ဒဂုံမြို့သစ်ခရိုင်၊ သန်လျင်ခရိုင် ၊ တွံတေးခရိုင် ၊ ကျောက်တံတားခရိုင်၊ အလုံခရိုင် ၊ မရမ်းကုန်းခရိုင်နှင့် ကမာရွတ်ခရိုင်၊ တို့ဖြင့် ပြောင်းလဲ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

လက်ရှိ ရန်ကုန် (မြောက်ပိုင်း) ခရိုင်အတွင်းမှာရှိတဲ့ တိုက်ကြီးမြို့နယ်ကို တိုက်ကြီးခရိုင်၊ လှည်းကူးမြို့နယ်ကို လှည်းကူးခရိုင်၊ မှော်ဘီမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့ကို စုစည်းပြီး မှော်ဘီခရိုင်၊ မင်္ဂလာဒုံနှင့် ရွှေပြည်သာမြို့နယ်တို့ကို စုစည်းပြီး မင်္ဂလာဒုံခရိုင် ၊ အင်းစိန်၊ လှိုင်သာယာ(အရှေ့ပိုင်း)နှင့် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်တို့ကို စုစည်းပြီး အင်းစိန်ခရိုင် အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

ရန်ကုန် တောင်ပိုင်း ခရိုင် အတွင်းရှိ သန်လျင်၊ကျောက်တန်း၊ သုံးခွ၊ ခရမ်းနှင့် ကိုကိုးကျွန်း မြို့နယ်တို့ကိုစုစည်းပြီး သန်လျင်ခရိုင် ၊ တွံတေး၊ ဆိပ်ကြီး/ခနောင်တို၊ ဒလ၊ ကော့မှူးနှင့် ကွမ်းခြံကုန်းမြို့နယ်တို့ကို စုစည်းပြီး တွံတေးခရိုင်အဖြစ် ပြောင်းလဲ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

ရန်ကုန်အရှေ့ပိုင်း ခရိုင် အတွင်းရှိ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ ရန်ကင်း နှင့် တာမွေ မြို့နယ်တို့ကို စုစည်းပြီး သင်္ဃန်းကျွန်း ခရိုင်၊ ဗိုလ်တထောင်၊ ဒေါပုံ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်နှင့် သာကေတ မြို့နယ်တို့ကို စုစည်းပြီး ဗိုလ်တထောင် ခရိုင် ၊ ဒဂုံမြို့သစ် ၄ မြို့နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တို့ကို စုစည်းပြီး ဒဂုံမြို့သစ် ခရိုင် အဖြစ် ပြောင်းလဲ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

ရန်ကုန် အနောက်ပိုင်း ခရိုင်အတွင်းရှိ ကျောက်တံတား၊ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်နှင့် ဒဂုံမြို့နယ်တို့ကို စုစည်းပြီး ကျောက်တံတားခရိုင်၊ အလုံ၊ ကြည့်မြင်တိုင် နှင့် စမ်းချောင်းမြို့နယ်တို့ကို စုစည်းပြီး အလုံခရိုင်၊ မရမ်းကုန်း ၊ လှိုင်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့ကို စုစည်းပြီး မရမ်းကုန်းခရိုင်၊ ကမာရွတ်နှင့် ဗဟန်းမြို့နယ်တို့ကို စုစည်းပြီး ကမာရွတ်ခရိုင် အဖြစ် ပြောင်းလဲ ဖွဲ့စည်း လိုက် တာဖြစ်ပါတယ်။

ယင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးကို ခရိုင် ၁၄ ခရိုင်၊ မြို့နယ် ၄၅ မြို့နယ် ဖြင့်ပြောင်းလဲ ဖွဲ့စည်းလိုက်ပြီး အရင်က ဖွဲ့စည်းထားတဲ့ ပုံစံ ခရိုင်ကြီး (၄) ခုဖြစ်တဲ့ ရန်ကုန် (အရှေ့ပိုင်း) ခရိုင်၊ ရန်ကုန် (အနောက်ပိုင်း) ခရိုင်၊ ရန်ကုန် (တောင်ပိုင်း) ခရိုင် နှင့် ရန်ကုန် (မြောက်ပိုင်း) ခရိုင်တို့ကို ပယ်ဖျက်လိုက်တယ်လို့ ဆိုပါတယ်။

Leave a Comment

You cannot copy content of this page