News

ရန်ကုန် မြို့နယ် (၅) ခု မနက်ဖြန် မနက်ပိုင်း မီးပြတ်မည် (နောက်နေ့တွေလည်း ပြတ်နိုင်ပါတယ်)

ရန်ကုန်တိုင်းဒေသကြီး မြို့နယ် (၅) မြို့နယ်မှာ လျှပ်စစ်ဓာတ်အား မနက်ဖြန် နိုဝင်ဘာ ၃၀ ရက်နေ့ မနက်ပိုင်းတွင် ပြတ်တောက်မယ့် အကြောင်းကို ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ကြေညာချက် ထုတ်လိုက်ပါတယ်။ အပြည့်အစုံကို အောက်မှာ ဖော်ပြထားပါတယ်။

မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း…

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်း 33kV ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်း 33kV ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရန်ကုန်တောင်ပိုင်းခရိုင်နှင့် ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်း ဓာတ်အားလိုင်းအသစ်များ တည်ဆောက်ခြင်းကို (၃၀.၁၁.၂၀၂၁) ရက်နေ့၊ အင်္ဂါနေ့တွင် နံနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ အချိန်အတွင်း လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ထိုသို့ ဆောင်ရွက်နေစဉ်အတွင်း ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ မရမ်းကုန်း၊ လှိုင်၊ လှည်းကူး၊ သုံးခွမြို့နယ်များအတွင်း ယာယီ ဓာတ်အားပြတ်တောက်မှုများ ရှိမည်ဖြစ်ပါကြောင်းနှင့် အရေးကြီးနေရာများ ဓာတ်အားပြတ်တောက်မှုမရှိစေရေးကို အလေးထား စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေး ပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

Leave a Comment

You cannot copy content of this page