News

လုပ်ရက်ကြတယ်ဗျာ ရိုးရိုးသားသား ကျောင်းအုပ် ဆရာမကြီးကိုမှ ရွေးပြီးတော့

လုပ်ရက်ကြတယ်ဗျာ ရိုးရိုးသားသား ကျောင်းအုပ် ဆရာမကြီးကိုမှ ရွေးပြီးတော့..

ဖမ်းဆီးခံရတဲ့ ဘားအံ GTHS ကျောင်းအုပ်ကြီး ဒေါ်ချိုယုမွန်နှင့် ပတ်သက်၍.. ခေါ်သွားတုန်း တွေ့ဆုံဆွေးနွေးလိုတယ်ပြောပြီး ၅၀၅ (ခ) နဲ့ တရားစွဲတယ်.. အာမခံမပေးပဲ ထောင်ထဲတန်းပို့တယ်..

သူက ဝန်ကြီးချုပ် အသစ်က အစည်းဝေးခေါ်တာ CDM လုပ်နေလို့ မလာနိုင်ဘူးလို့ ပြောလိုက်တယ်.. ပထမ တစ်ခါ သမ္မတ ပုံကို ဖြုတ်ပေးပါလို့ မြို့နယ်မှူး ကပြောတော့ ဒါ ကျွန်မတို့ သမ္မတ လို့ ပြောလွှတ်လိုက်တယ်..

“ပြည်နယ်ကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက ခေါ်ယူမေးမြန်းစရာလေးရှိလို့ပါဆိုပြီး လာခေါ်တာ၊ အစကထင်တာ ပြည်နယ်အစိုးရအဖွဲ့ရုံးကို ခေါ်တယ်ထင်တာ။ အဲလိုမဟုတ်ဘဲ စျေးရှေ့က မြို့မရဲစခန်းကို ခေါ်တွေ့ဖို့ ခေါ်သွားတော့ ကျနော်တို့ စောင့်နေတာပေါ့။ စောင့်နေတုန်းမှာပဲ တရားရုံးကို ခေါ်သွားတယ်။ အဲဒီမှာချက်ချင်းပဲ ၅၀၅ (ခ)နဲ့ တရားစွဲတယ်ဆိုပြီး ဖားအံအကျဉ်းထောင်ကို တန်းပို့လိုက်တာဗျ” ဟု ဒေသခံတဦးက ဆိုပါတယ်။

မလိမ့်တပတ်နဲ့ လိမ်ညာပြောပြီး ခေါ်သွားတဲ့ အာဏာရှင်လက်ကိုင်တုတ် အာဏာရှင်ခြံစောင့်ခွေးတွေကို Public Shaming လုပ်ကြဖို့ တိုက်တွန်းပါတယ်..

နောက်ဓါတ်ပုံက ဒေါ်ချိုယုမွန်ကို တရားစွဲတဲ့ လက်ကိုင်ဒုတ်ခွေး

မတရားသဖြင့် တရားစွဲသူ – ဇေထက်အောင် (ထွေအုပ် မြို့နယ်မှူး)

Leave a Comment

You cannot copy content of this page