News

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောက်သည့် အိမ်ရာများကို အတိုးနှုန်း သက်သာစွာဖြင့် ရောင်းမည်

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောက်သည့် တန်ဖိုးနည်း အိမ်ရာများကို အတိုးနှုန်း သက်သာစွာဖြင့် ရောင်းမည်..

ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID) မှ အတိုးနှုန်းသက်သာသော အိမ်ရာချေးငွေဖြင့် တန်ဖိုးနည်းတန်ဖိုးသင့်အိမ်ရာ အခန်းပေါင်း ၃၈၈ ခန်းကို ရောင်းချပေးသွားမည်ဖြစ် ကြောင်း သိရသည်။

CHID ဘဏ်၌ အိမ်ရာစုဆောင်းငွေပြည့်မီသူ ၄၇၁၀ ဦး အား ရောင်းချပေးမည်ဖြစ်ပြီး ဝယ်ယူလိုသူများအနေဖြင့် DUHD Sale Housing ဖေ့စဘွတ်မှ တစ်ဆင့် မိမိဝယ်ယူလိုသည့် အိမ်ရာစီမံကိန်းအမည်နှင့်တကွ လိုအပ်သောအချက်အလက်များ ပေးပို့လျှောက် ထားနိုင်ကြောင်း သိရသည်။

” ODA Loan နဲ့ အိမ်ရာရောင်းချပေးတာ ခုဆို ကိုးကြိမ်မြောက်ရှိပါပြီ။ ODA Loan က ဂျပန်ကရတဲ့ Two Step Loan ဖြစ်လို့အတိုးနှုန်းပိုသက်သာတယ်။ အတိုး ၅ ဒသမ ၅ ရာခိုင်နှုန်းပဲ ပေးရတဲ့ အတွက် ပြည်သူ လူထုကပိုစိတ်ဝင်စားတယ်။ အိမ်ရာ ရောင်းချနိုင်တဲ့အခြေအနေကတော့ ဝယ်ယူသူတွေရဲ့ စိတ်ကြိုက် ပေါ်ပဲမူတည်ပါတယ်။ Popular Housing တွေ ဆိုရင်တော့ ဝယ်ယူလိုသူများပါတယ်။ ခုအသုတ် ရောင်းချ တဲ့အခြေအနေကတော့ လျှောက်လွှာခေါ်ထားဆဲဖြစ် လို့ လျှောက်ထားတဲ့အခြေအနေကို မသိရသေး ပါဘူး” ဟု CHID ဘဏ် အိမ်ရာချေးငွေဌာနမှ မန်နေဂျာ ဦးလှမျိုးတင့်က ပြောပါတယ်။

ယခုအသုတ်ရောင်းချမည့်အိမ်ရာများမှာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်း အိမ်ရာ အပိုင်း ၁ နှင့် ၃၊ ကျန်စစ်မင်းအိမ်ရာ၊ ထီးလှိုင်ရှင်အိမ်ရာ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ကနောင်အိမ် ရာ နှင့် သန်လျင်မြို့နယ်ရှိ သီလဝါအိမ်ရာတို့မှ အခန်းများဖြစ်ပြီး အိမ်ရာစုဆောင်းငွေပြည့်မီသူများအနေဖြင့် မိမိဝယ်ယူလိုသည့် အိမ်ရာအခန်းကို ဒီဇင်ဘာလ ၇ ရက်မှ ၁၁ ရက်အတွင်း လျှောက်လွှာပေးပို့ လျှောက်ထားနိုင်ကြောင်း သိရသည်။

CHID ဘဏ်အနေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တည်ဆောက်သည့် အိမ်ရာများကို ရောင်းချပေး ရာတွင် ၂၀၁၉ ခုနှစ်၊ မတ်လမှ စတင်ကာ အတိုးနှုန်းသက်သာသောအိမ်ရာချေးငွေ (ODA Loan) ဖြင့် ရောင်းချပေးခဲ့ပြီး လက်ရှိတွင် အိမ်ရာချေးငွေဖြင့် ဝယ်ယူသူ ၂၃၀၀ ကျော်ကို ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။

Leave a Comment

You cannot copy content of this page