အွန်လိုင်းပေါ်မှာ ကားရောင်းတဲ့အခါ မိမိကားကို အဝယ်အသွင်ယူပြီး လုယက်မည့် အန္တရာယ်ကို အထူးသတိရှိကြဖို့ ခင်မင်ရင်းနှီးစွာ အသိပေးအပ်ပါတယ်..
online ပေါ်မှာ ကားအရောင်းတင်ထားလို့ ဖုန်ဆက်လာပါသည် Honda fit Ge6 325 သိန်း ဖုန်းဆက်လာသူမှာ အမျိုးသမီးတစ်ယောက်ပါ.. 325 သိန်းတန်ကားကို 310 ဈေးစစ်ပါသည်.. ကျွန်တော်က ကားလာကြည့်ပြီးမှ ဈေးပေး ဈေးစစ်ရန် ပြောသောအခါ.. အကိုဆီက ကားဝယ်ဖူးတယ် သူ့အမျိုသား သဘ်ောမတက်ခင်..
အခုအမျိုးသားက သင်္ဘောတက်သွားလို့ ကားလိုက်မကြည့်နိုင်တော့ဘူး အကို့ကိုလဲ သိပြီးသား စိတ်ချတော့ ကားမကြည်ဘဲ ဈေးဘဲ အဆင်ပြေအောင်ညှိပေး.. အဲသလို ပြောလာတော့ ကျွန်တော့ ကားအရောင်းအဝယ်လုပ်နေတာ နှစ်ကြာနေပြီးဆိုတော့ ဟုတ်ချင်လည်းဟုတ်မှာပေါ့.. ကျွန်တော်စီက ကားဝယ်ဖူးတယ်ဆိုတာကို ဒါနဲဗျာ 320 သိန်းနဲ ဈေးညှိလိုက်တာ အဆင်ပြေသွားတယ်..
ဖုန်းပြောချိန်မှာ မနက် ၁၀ နာရီပါ.. ကားကိုလာမကြည့်ဘဲ ဈေးစစ် ဈေးညှိလို့ အဆင်ပြေတော့ ကျွန်တော် မေးရပြီးပေါ့.. ငွေဘယ်လို ချေမှာလဲပေါ့.. တစ်ဘက် အမျိုးသမီးပြောတာက ဘဏ်ငွေထုတ်ပြီးရင် ငွေဘယ်မှာချေမယ်ဆိုတာကို ဖုန်းဆက်ပြောပေးမယ်ဆိုတော့ ကျွန်တော့လဲ ok ပေါ့.. ကျွန်တော့လဲဖုန်း မျှော်ရင်း မျှော်ရင်း ညနေ ၄ နာရီထိုးသွားတယ်..
ဖုန်းဆက်ပြီးမေးတော့ အခုဘဲဖုန်းဆက်မလို့တဲ့.. သူအလုပ်များနေလို့ပါတဲ့.. ညနေ ၆ နာရီနောက်ပိုင်းမှာ ငွေချေနိုင်မယ် ပြောလို့ ငွေလာချေမှာလား မေးတော့ ကားမောင်းလာပေးပါ အိမ်ရောက်မှ ငွေချေပါ့မယ် ပြောလို့ လိပ်စာမေးတော့ တောင်ဒဂုံ ယုဇနဥယာဉ်မြို့တော်မရောက်ခင် အဲ့နားရောက်ရင် ဖုန်းဆက်ပါဆိုပြီး လိပ်စာအတိအကျမပေးပါဘူး..
၆ နာရီထိုးတော့ ဖုန်းပြန်မဆက်တော့ ကျွန်တော့က ပြန်ဆက်တော့.. ok ငွေအဆင်သင့်ဘဲ ကားမောင်းလာပေး ညနေ စောင်းနေပြီး ငွေသွားချေပြီး ပြန်လာရင် ငွေတွေနဲ့ကားငှားလာရမှာအဆင်မပြေဘူး.. သူငယ်ချင်းတစ်ယောက်ကို အကြောင်းစုံ ပြောပြပြီးအကူညီတောင်းတော့ သူငယ်ချင်းက ဟိတ်ကောင်ရ ငါတော့သိပ်မသက်ာဘူး.. နောက်ထက်သူငယ်ချင်း လေးငါးယောက်ကိုထပ်ခေါ်ပြီး ကားနှစ်စီးဖြင့် ငွေသွားချေကြရာ ယုဇနဥယာဉ်ရောက်တော့ ၇ နာရီထိုးတော့မယ်.. ယုဇန ဥယာဉ်မုတ်ရောက်ရင် ဖုန်ဆက်ပြောလို့ ယုဇန ဥယာဉ် မုတ်ဦးရောက်တော့ ဖုန်းဆက်တာ ဖုန်းမကိုင်တော့ဘူး.. သူငယ်ချင်းဖုန်းနဲ့ ဆက်တော့လည်းဖုန်းမကိုင်.. ဖုန်းခေါ်နေတာများလာတော့ ဖုန်းပါပိတ်သွားပါသည်..
ထို့ကြောင့် ကားရောင်းချိန် မိမိကားကို အဝယ်အသွင်ယူပြီး လုယက်မည့် အန္တရာယ်ကို အထူးသတိရှိကြဖို့ ခင်မင်ရင်းနှီးစွာ အသိပေးအပ်ပါတယ်.. (Soe Than ကန်တော်ရိပ်)