News

တရုတ်ပိုင်စက်ရုံမှ အလုပ်ဆင်းချိန် Mask ချွတ်သည်ဟု ဆိုကာ အလုပ်သမား (၂) ဦး အလုပ်ထုတ်ခံရ

လှိုင်သာယာမြို့နယ်၊ ဆိပ်ကမ်းသာလမ်းမှာ လုပ်ကိုင်နေတဲ့ တရုတ်လူမျိုးပိုင် Unifa Handbag Myanmar စက်ရုံမှာရုံးဆင်းချိန်၊ စက်ရုံအ​ပေါက်၀နားမှာ သူတို့ဝတ်ခိုင်းထားတဲ့ Mask ကိုချွတ်မိလို့ အလုပ်သမားနှစ်ဦးကို စက်ရုံစည်းကမ်းဖောက်ဖျက်တယ်ဆိုပြီး အလုပ်ထုတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

“အလုပ်ဆင်းပြီး စက်ရုံအပေါက်ရောက်မှ Mask ချွတ်တာကို စက်ရုံစည်းကမ်းဖောက်တယ်ဆိုပြီး နို့တစ်စာ​ပေးပြီး ကျွန်တော့်ကိုအလုပ်ထုတ်လိုက်တယ်။ ကျွန်တော်တယောက်ထဲတော့မဟုတ်ဖူး နောက်တယောက်လဲပါတယ်။ သူကတောင်းပန်တော့ အလုပ်ပြန်ခန့်လိုက်တယ်။ ကျွန်တော်တောင်းပန်တာကျတော့ အကြောနဲ့ပြောတယ်ဆိုပြီး အလုပ်ပြန်မခန့်တော့ဘူး” လို့အလုပ်ထုတ်ခံလိုက်ရတဲ့ ကာယကံရှင်တဦးက ပြောပါတယ်။

ဒါ့အပြင် မြို့နယ်အချို့မှာ​တော့ လမ်းသွားစဥ် ‌Mask တပ်ထားပါကလည်း စကစ တပ်သား​တွေရဲ့ စစ်​ဆေး၊ ဒဏ်ရိုက်တာခံရပါ​သေးတယ်။

စက်ရုံအလုပ်ရုံတွေမှာ ယခုလိုကာလ နိုင်ငံရေးမတည်ငြိမ်မှုနဲ့အတူ အလုပ်ရှင်တွေက အလုပ်သမားတွေအပေါ် အခွင့်အရေးချိုးဖောက်မှုတွေ တနေ့တခြား တိုးပွားလို့ လာနေနေတယ်။

Leave a Comment

You cannot copy content of this page