Knowledge

နိုင်ငံတော်ဘဏ္ဍာငွေ အပိုတွေ ရလာနိုင်တဲ့ ရထားလမ်းဟောင်းများနှင့် ပြည်သူတွေရဲ့ အမြင်

နိုင်ငံတော်ဘဏ္ဍာငွေ အပိုတွေ ရလာနိုင်တဲ့ ရထားလမ်းဟောင်းများနှင့် ပြည်သူတွေရဲ့ အမြင်..

သို့/ မြန်မာနိုင်ငံတော် အစိုးရနှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာန သိစေရန် အကြံပြု ရေးသားအပ်ပါသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ပြေးဆွဲခြင်းမရှိသော ရထားလမ်းများ များစွာရှိပါသည်။ ယခုမြင်တွေ့ရသော ရထားလမ်းကတော့ ကြံ့ခင်းမြို့နယ်မှ ဥသျှစ်ပင်မြို့ ကံမ္မမြို့ သရက်မြို့ မင်းလှမြို့ မင်းဘူးမြို့ စကုမြို့ ပွင့်ဖြူမြို့ စလင်းမြို့ ဆင်ဖြူကျွန်းမြို့ ဆိပ်ဖြူမြို့ ပခုက္ကူမြို့ မြိုင်မြို့ ကျောမြို့ ဂန့်ဂေါမြို့ ကလေးမြို့အထိ ရှည်းလျားတဲ့ ရထားလမ်းကြီးပါ။ ယခင် ဦးသန်းရွှေ လက်ထက်မှ ကုန်လမ်းပို့ဆောင်ရေးနှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာနက ဖောက်လုပ်ခဲ့သော ရထားလမ်းများဖြစ်ပါသည်။

မြေယာတောတောင်တွေလည်း ဆုံးရှူံးခဲ့သလို လက်ရှိအနေအထားမှာ စွန့်ပစ်ရထားလမ်းများသဖွယ်ဖြစ်နေပါပြီ ။ ရထားဘူတာများကို ကြည့်မည်ဆိုပါက သမီးရည်းစားအတွဲများ ကြေးစားအပျော်မယ်များနဲ့ ညငှက်လေးတွေ ခိုအောင်းရာ ဗိမ္မာန်တစ်ခုလို ဖြစ်နေပါပြီ.. ဒီကြားထဲ အရက်သမားဖဲသမားများနှင့် လောင်းကစားကြက်ဝိုင်းဖဲဝိုင်းနဲ့ ဆေးကြောင် လူကြောင်များလည်း ပေါလှတော့ ရထားလမ်းကို ဖြတ်ကျော်သွားလာကြတဲ့ ပြည်သူများအနေဖြင့် ငရဲလမ်းဖြတ်သွားရသည့်အလား တူနေပါသည်။

ယခင်အစိုးရ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၏ အစီအစဥ် လွဲမှားမှုလား အစိုးရအပြောင်းအလဲကြောင့်လား တမင်ပစ်ထားကြသလားဆိုတာတော့ အထက်လူကြီးတွေ ပိုမိုသိနိုင်မှာပါ။ လက်ရှိ အဆင်မပြေရသည့် အချက်တွေက ပြည်သူများအနေဖြင့် ရထားဘူတာနှင့် မြို့ ရပ်ရွာ ဘူတာများနှင့် အလှမ်းကွာနေခြင်း နေ့စဥ်အချိန်မှန်ပြေးဆွဲနိုင်ခြင်းမရှိခြင်း ထိန်းသိမ်းမှု ပြုပြင်မှု လိုအပ်လာခြင်း နှင့် အဆင့်မှီ ရထားတွဲ ရထားလမ်းများ မရှိခြင်းများကြောင့် ယခုလို စွန့်ပစ်အနေအထားအထိ ရောက်ခဲ့ရခြင်းပါ။

တဖတ်မှာလည်း မော်တော်ကားလမ်းတွေ နေရာစုံပေါက်လာတော့ ကိုယ်ပိုင်ဆိုင်ကယ် မော်တော်ကားများနှင့် သွားလာရသည်က ရထားလမ်းထက် ပို၍ အဆင်ပြေနေပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ယခုလိုစွန့်ပစ်အနေအထားအထိ ဖြစ်နေသော ရထားလမ်းများအား ပြုပြင်ပြောင်းလဲ ပြေးဆွဲနိုင်အောင် ကြိုးစားပေးနိုင်မလား.. သို့မဟုတ် ပြေးဆွဲမပေးနိုင် ပြုပြင်မရနိုင်ဘူး ဆိုရင်လည်း ရထားသံဘောင်များ ဖြုတ်သိမ်း၍ ပြည်သူများထံ ရောင်းချလျင်သော်၄င်း အခြားလိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်လျင်၄င်း နိုင်ငံတော်ဘဏ္ဍာ ပြည်လည်ရရှိနိုင်ပါသေးသည်။

ရထားလမ်းဟောင်းအစား မော်တော်ကားလမ်းအဖြစ် ပြောင်းလဲလိုက်မည်ဆိုပါက အမြန်လမ်းသဖွယ် ဖြစ်လာနိုင်ပါသည်။ ယခုမြင်တွေ့ရတာကတော့ ရထားသံဘောင်ချိတ် အန်ကက် သံဘောင်များ ခိုးယူဖြုတ်ယူနေကြတာ မြင်တဲ့အတိုင်းပါဘဲ.. လက်ဝယ်ဖမ်းမိရင်လည်း အရေးယူခံရမယ်.. ရထားလမ်းက အသုံးပြုနေလားဆိုတော့လည်း စွန့်ပစ်လမ်းသဖွယ်ဖြစ်နေတော့။ မဆိုင်သလို ကြည့်နေကြတာလား မနိုင်ဝန်ဖြစ်နေကြတာလား မထိရက် မကိုင်ရက်နဲ့ ဆွေးမြည့်သွားအောင် ထားကြသလား မပြောတက်တော့ပါဘူး..

ရထားသံဘောင်များကို အဆောက်အဦးတွေမှာ သုံးလိုက်ရင်တော့ သိပ်ကောင်းမယ်ထင်တယ်ဗျ.. သံအရည်အသွေးကောင်းလို့ပါ.. လေလံတင်ရောင်းမယ်ဆိုရင်တောင် နိုင်ငံတော်ဘဏ္ဍာ အတော်ရလာမှာ အသေအချာဘဲ.. စဥ်းစားဆုံးဖြတ်ပေးကြပါအုံး အစိုးရလူကြီးမင်းများ ခင်ဗျာ..

Min Khank Kyaw

Leave a Comment

You cannot copy content of this page