ကားမောင်းတာကို ကြည့်ပြီး လူတစ်ယောက်ရဲ့ ဦးနှောက် IQ ကို တိုင်းတာလို့ရတဲ့ နည်းလမ်း

ကားမောင်းတာကို ကြည့်ပြီး လူတစ်ယောက်ရဲ့ ဦးနှောက် IQ ကို တိုင်းတာလို့ရတဲ့ နည်းလမ်း..

ကားမောင်းတာကို ကြည့်ပြီး လူတစ်ယောက်ရဲ့ ဦးနှောက် IQ ကို တိုင်းတာလို့ရပါတယ်။ ဥပမာ Left or Right Signal မပြဘဲ တစ်ဖက် ယာဉ်ကြောကို ဝင်ရင် ကြက်ဦးနှောက်။ ကြက်တွေက ဘယ်တော့မှ Signal ပြလေ့မရှိဘူး။

ကားပါကင်ကို လမ်းပေါ်မှာ ဒီအတိုင်း ရပ်ထားခဲ့ရင် နွားဦးနှောက်။ နွားတွေက သူတို့ လှဲချင် အိပ်ချင်တဲ့ နေရာမှာ လှဲအိပ်လိုက်တာပဲ။

မီးပွိုင့်မှန်းလည်း သိတယ် ကားပိတ်နေမှန်းလည်း သိတယ်၊ ဒါပေမယ့် ဟွန်းကို ဖိတီးတယ် ဒါဆို သေချာတယ် အဲ့ကောင် ဆိတ်ဦးနှောက်။ ဆိတ်တွေက လိုလိုမလိုလို တပဲပဲနဲ့လေ။

တစ်ချို့ကျတော့ လမ်းလယ် ယာဉ်ကြော ဒါမှမဟုတ် အပေါ်ကြောက မောင်းတယ် မောင်းတော့ တစ်လမ်းလုံးကို ဝယ်ထားသလို ကီလို ၂၀ လောက်နဲ့ ပြည်လမ်းပေါ် မောင်းနေပြီ ဆိုရင် ဘဲဦးနှောက်။ ဘယ်သူလာလာ မလာလာ ဘယ်သူပဲ နောက်မှာရှိရှိ ကားယားကားယားနဲ့ သွားနေတဲ့ ဘဲမျိုး ဘဲနွယ်။

ရှေ့မှာ ကားတွေပိတ်နေတယ်.. ပိတ်မှန်းလဲသိတယ်.. ရမလားလို့ အတင်းကျော်တက် ပီးရင်ရှေ့မှာ မလုပ်တတ်မကိုင်တတ် ရှေ့တိုးမရ နောက်ဆုတ်မရ ကန့်လန့်ကြီးနဲ့ တွေ့သမျှ ရန်လိုနေပြီဆိုရင် မအလ ဦးနှောက်.. (ထပ်စဉ်းစားမိရင် ထပ်ဖြည့်ပါမည်)

စည်းကမ်းမဲ့ကားများ ခုချက်ချင်းရပ်.. (Thant Zaw), Photo from ကားလောက ဝေဖန်ဖောင်းထုမယ် Group

Leave a Reply

Your email address will not be published. Required fields are marked *