Knowledge

ကြက်ဥချောင်းကို အိမ်မှာ လွယ်လွယ်ကူကူနဲ့ ကိုယ်တိုင် လုပ်စားလို့ရတဲ့ နည်းလမ်း

ကြက်ဥချောင်းကို အိမ်မှာ လွယ်လွယ်ကူကူနဲ့ ကိုယ်တိုင် လုပ်စားလို့ရတဲ့ နည်းလမ်း..

အိမ်မှာ ကိုယ်တိုင်လုပ်စားလို့ရသည့် သန့်ရှင်းလတ်ဆတ်တဲ့ ကြက်ဥချောင်းလေး လုပ်နည်းလေးပါ။ ကလေးတွေအတွက်လဲ အထူးသင့်လျော်ပါတယ်။

လိုအပ်တဲ့ ပစ္စည်းတွေကတော့ ကြက်သား ၂၀ သား ဆားနည်းနည်း သကြားနည်းနည်း ငြုပ်ကောင်းမှုန့်ကြိုက်ရင် နည်းနည်းထည့်ပါ (မထည့်လဲရ) ကြက်ဥတလုံး ပြောင်းကော်မှုန့် ၂ ဇွန်း (မရှိရင် ရိုးရိုးကော်မှုန့်)

စက်ထဲထည့်ကြိတ်ပါ။ စီးစီးလေးဖြစ်အောင် အကြာကြီးကြိတ်ပါ။

ငှက်ပျောရွက်လေး စင်ကြယ်အောင်ဆေးပြီး အိသွားအောင် ရေနွေးဖျော်ပါ။

ငှက်ပျောရွက်ပေါ်ဆီလေး နဲနဲသုတ်ပြီး ကြိတ်ထားတဲ့ အသားထည့်လိပ်ပါ။

ပြီးရင်ဒါမျိုးလေးဖြစ်အောင်စည်းပါ။

ပေါင်းအိုးမရှိရင် ဒယ်နီအိုးထဲရေထည့်ပြီး ဇလုံနဲ့ပေါင်းလို့ရပါတယ်။

၄၅ မိနစ်လောက်ပေါင်းပြီးတဲ့အခါ ရပါပြီနော်။

ဒီတိုင်းပဲစားစား ဆီပူထဲထည့်လှိမ့်ပြီးစားစား ဘယ်လိုစားစား အရမ်းကောင်းပါတယ်။ ကလေးတွေလဲ ကြိုက်နှစ်သက်ပါတယ်။

ပူပူလေးကို ခရမ်းချဉ်သီးဆော့လေးနဲ့တို့စားရင်လည်း လိုက်ဖက်ပါတယ်။ (Rain Queen)

Leave a Comment

You cannot copy content of this page