လမ်းမှာ အမှတ်မထင် မြင်တွေ့ခဲ့ရတဲ့ လေးစားဖွယ် လူငယ်လေးတဦးရဲ့ လုပ်ရပ်..
မနက်က ညောင်ဦးကို ကားပြင်ဖို့သွားရင်း ဆီဆိုင်မှာ ဆီထည့်ပြီး ဆီဆိုင်ရှေ့က အမြဲလှူနေကြ ဒကာကြီးကို လှူဖို့လုပ်နေတုန်း ထင်မှတ်မထားတဲ့ မြင်ကွင်းလေးက မျက်စိရှေ့ရောက်လာလို့ ကြည်နူးစိတ်နဲ့ ရိုက်ထားမိတယ်..
ကြည့်ရတာ လူငယ်လူလတ်လေး ထင်ပါတယ်.. အဘကြီးနားမှာ ဆိုင်ကယ်လေးရပ်ပြီး ကိုတွေကားထဲမှာ သင်္ကန်းခေါင်းမြီးခြုံထားတာ အေးလို့ သူကတော့ သူ့အင်္ကျီကိုချွတ်ပြီး အဲ့ဒိအဘကြီးကို လှူနေတာပါ..
ကိုယ်ပဲ မမြင်ဖူးခဲ့လေသလား ရှားတော့ရှားတာမို့ ဒီမှတ်တမ်းလေးကို ကြည်နူးစိတ်နဲ့တင်မိသည်ပေါ့ဗျာ..
နှလုံးသားလေးလှလိုက်တာ ခွင့်မတောင်းပဲ ရိုက်မိသည်မို့ တောင်းပန်ပါတယ်ဗျ..
Ayemyamyit Tar