International News

အမေရိကန် ဗိုလ်ချုပ်ကြီးများက လက်မှတ်ထိုး၍ ကြေညာချက်တခုကို ရှားရှားပါးပါး ထုတ်ပြန်

အမေရိကန် ဗိုလ်ချုပ်ကြီးများက လက်မှတ်ထိုး၍ ကြေညာချက်တခုကို ရှားရှားပါးပါး ထုတ်ပြန်..

အကြောင်းအရာ ။ ။ ပူးတွဲတပ်ဖွဲ့များထံသို့ သဝဏ်လွှာ။

အမေရိကန်ပြည်သူများသည် ကျွန်ုပ်တို့တပ်ဖွဲ့များကို ၎င်းတို့အသက်အိုးအိမ်စည်းစိမ်နှင့် အခြေခံဥပဒေကို ကာကွယ်ရန် နှစ်ပေါင်း ၂၅၀ ကျော် ယုံကြည်အပ်နှံခဲ့ကြသည်။

သမိုင်းအစဉ်အလာကောင်းခဲ့သော ကျွနုပ်တို့တပ်မတော်သည် အရပ်သားအစိုးရအဖွဲ့ဝင်များ၏ ဥပဒေနှင့်ညီသော အမိန့်များကို လိုက်နာမည်၊ အရပ်ဖက် အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို အခြေခံဥပဒေနှင့်အညီ ပြည်တွင်းပြည်ပရန်မှ ကာကွယ်ရန် ကတိပြုသည်။

ဇန်နဝါရီလ ၆ ရက်တွင် ဝါရှင်တန်ဒီစီမြို့တော်၌ ဖြစ်ခဲ့သောအကြမ်းဖက်မှု့သည် လွှတ်တော် သမိုင်းဝင် အဆောက်အဦးနှင့် ကျွနုပ်တို့၏အခြေခံဥပဒေစနစ်ကို တိုက်ရိုက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ထိုဖြစ်စဉ်တွင် ကျဆုံးခဲ့သောရဲအရာရှိ ၂ ဦးကို ကျွနုပ်တို့ ဝမ်းနည်းဂုဏ်ပြုသည်။

လွှတ်တော်အတွင်းဖြစ်ခဲ့‌သောမြင်ကွင်းများသည် တရားဥပဒေစိုးမိုးရေးနှင့် မကိုက်ညီပါ။ လွတ်လပ်စွာပြောဆို စုဝေးနိုင်ခွင့်သည် အကြမ်းဖက်ရန် ပုန်ကန်ရန်အတွက်မဟုတ်ပါ။ စစ်မှု့ထမ်းများဖြစ်သော ကျွနုပ်တို့သည် နိုင်ငံတော်၏ အထွဋ်အထိပ်တန်ဖိုးထားသော ကျင့်ဝတ်များကို စံနမူနာပြ အကောင်အထည်ဖော်ရမည်။ အခြေခံဥပဒေကို ထောက်ခံကာကွယ်ရမည်။ အခြေခံဥပဒေလုပ်ထုံးကို ထိပါးခြင်းသည် ကျွနုပ်တို့၏ ထုံးတမ်းစဉ်လာ နှင့် တပ်မတော်သားကျင့်ဝတ်ကို ဆန့်ကျင်ရုံသာမက တရားဥပဒေကို ချိုးဖောက်ခြင်းလည်း ဖြစ်သည်။

ဇန်နဝါရီလ ၂၀ ရက်တွင် အခြေခံဥပဒေနှင့်အညီ ဖယ်ဒရယ်ပြည်နယ်များနှင့် တရားရုံးများ၏ အတည်ပြုချက် ပြည်ထောင်စုလွှတ်တော်၏ အမိန့်ဖြင့် သမ္မတ (ရွေးချယ်) ဘိုင်ဒင်သည် ကျွနုပ်တို့တပ်ဖွဲ့များ၏ ၄၆ ယောက်မြောက် စစ်သေနာပတိချုပ် ဖြစ်လာလိမ့်မည်။

ယခုအချိန် ရှေ့တန်း နောက်တန်းကို ကာကွယ်စောင့်ရှောက်နေကြသော ကျွနုပ်တို့၏ ရဲဘော်အပေါင်းတို့ သတိရှိရှိ တာဝန်သိသိနေကြလော။ နိုင်ငံသားများကို ကာကွယ်ပေးနေသော သင်တို့၏ ဝတ္တရားများဆက်လက် ကျေပွန်နေခြင်းကို ကျွနုပ်တို့ဂုဏ်ယူသည်။

လက်မှတ် – ဥက္ကဌ စစ်ဦးစီးအရာရှိပေါင်းချုပ်၊ ကြည်း၊ ရေ၊ လေ ကမ်းတက်တပ်၊ ကမ်းရိုးတန်းစောင့်ရှောက်‌ရေးတပ်၊ အာကာသတပ်ဖွဲ့၊ ပြည်နယ်စောင့်တပ်များ၏ စစ်ဦးစီးအရာရှိချုပ်များ။

Translated by James Kyaw

Leave a Comment

You cannot copy content of this page