News

အမေရိကန်ဂျာနယ်လစ်ကို လွှတ်ပေးရသည့် အဓိက အကြောင်းအရင်း စကစ ထုတ်ပြန်ပြီ

အမေရိကန်ဂျာနယ်လစ်ကို လွှတ်ပေးရသည့် အဓိက အကြောင်းအရင်း စကစ ထုတ်ပြန်ပြီ..

Frontier Myanmar သတင်းဌာန၏ စီမံခန့်ခွဲမှု အယ်ဒီတာ အမေရိကန်ဂျာနယ်လစ် ဖန်စတာကို လူသားချင်းစာနာထောက်ထားမှု အလေးထားခြင်းကြောင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကာ ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း စကစ ၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

အမေရိကန်ဂျာနယ်လစ် ဖန်စတာသည် ပြီးခဲ့သည့် လပိုင်းက အင်းစိန်ထောင်၌ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရသူလည်း ဖြစ်ပါတယ်။

အမေရိကန်ဂျာနယ်လစ် ဖန်စတာလွတ်မြောက်ရေးအတွက် မြန်မာနိုင်ငံကို ရောက်ရှိနေသည့် ဂျပန်မြန်မာချစ်ကြည်ရေး အသင်း ဥက္ကဌ ၊ နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ တို့က မေတ္တာရပ်ခံခဲ့သလို ပြီးခဲ့သည့် ရက်ပိုင်းက လာရောက်ခဲ့သည့် အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းတို့၏ မေတ္တာရပ်ခံချက်အရ လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်း ဖြစ်တယ်ဆိုပြီး ထုတ်ပြန်ချက်၌ ဖော်ပြထားပါတယ်။

ထို့အတူ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှု အလေးထားခြင်းကြောင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကာ ပြင်နှင်ဒဏ်ပေးခဲ့ကြောင်း စကစ ၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

Leave a Comment

You cannot copy content of this page