International News

လက်စားချေချင်နေတဲ့ အီရန်ကို အမေရိကန် သမ္မတထရန့် ပြင်းပြင်းထန်ထန် သတိပေးပြီ

ပြန်လည်လက်စားချေချင်နေတဲ့ အီရန်ကို အမေရိကန် သမ္မတ ‌ဒေါ်နယ်ထရန့် ပြင်းပြင်းထန်ထန် သတိပေးပြီ…

ဇန်နဝါရီလက အမေရိကန်ရဲ့ လေကြောင်းစစ်ဆင်မှုကြောင့် သေဆုံးခဲ့ရတဲ့ ဗိုလ်ချုပ် ဆိုလီမန်နီအတွက် အီရန်က ပြန်လက်စားချေချင်နေတယ်လို့ သတင်းထွက်လာချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်အနေနဲ့ အမေရိကန်ကို တစ်စုံတစ်ရာ တိုက်ခိုက်လာရင် အဲဒီထက် အဆတစ်ထောင်လောက် ပိုပြင်းထန်တဲ့ တိုက်ခိုက်မှုနဲ့ ပြန်ရင်ဆိုင်ရမယ်လို့ တနင်္လာနေ့က သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကထွက်လာတဲ့ သတင်းတွေမှာ အီရန်ဟာ တောင်အာဖရိကဆိုင်ရာ အမေရိကန်သံအမတ်ကို လက်စားချေ ကြံဖို့ စီစဉ်နေတယ်လို့ ဆိုနေပါတယ်။

ဒါနဲ့ပတ်သက်လို့ ဒေါ်နယ်ထရန့်က သူ့တွစ်တာအကောင့်ကနေ တုံ့ပြန်ခဲ့ရာမှာ “အီရန်ဘက်က အမေရိကန်ကို ဘယ်လိုပုံစံနဲ့မဆို တိုက်ခိုက်လာရင် အဲဒီထက် အဆတစ်ထောင်လောက် ပိုပြင်းထန်တဲ့ တိုက်ခိုက်မှုနဲ့ အီရန် ပြန်ရင်ဆိုင်ရမယ်” လို့ ဆိုခဲ့ကြောင်း France-24 သတင်းမှာ ဖော်ပြထားပါတယ်။

ပုံ – အီရန်ခေါင်းဆောင်

Leave a Comment

You cannot copy content of this page