International News

တရုတ် ကြွေးမြီး ထောင်ချောက်ထဲကနေ အလွတ်ရုန်းထွက်ပြလိုက်တဲ့ ထိုင်းအစိုးရ (ပြည်သူတွေကြောင့်ပါတဲ့)

တရုတ်ဖောက်မည့် တူးမြောင်းစီမံကိန်းကြီးအား ထိုင်းအစိုးရဖျက်သိမ်း

တရုတ်မှ စင်ကာပူ နှင့် အမေရိကန် ထိန်းချုပ်ထားတဲ့ မလက်ကာ ရေလက်ကြားကိုရှောင်လွှဲရန် ထိုင်းတောင်ပိုင်းဒေသကုန်းမြေထဲသို့ ဖြတ်ဖောက်ကာအထူး အရေးပါသောတူးမြောင်း ဖောက်လုပ်ရေး စီမံကိန်းကြီးအားထိုင်းအစိုးရမှ ဖျက်သိမ်း လိုက်ပြီဖြစ်ကြောင်းအတည်ပြုလိုက်ပါတယ်။

၎င်း တူးမြောင်းသစ် စီမံကိန်းကြီးဖောက်လုပ်ရန်မတည် စိုက်ထုတ် ရင်းနှီးငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း-28000 (28-ဘီလီယံ)ကုန်ကျခြင်းအား တရုတ်ပြည် ဖွံ့ဖြိုးရေးဘဏ်မှတဆင့် အကြီးစား တရုတ် ဆောက်လုပ်ရေးအုပ်စုများက ဖောက်လုပ် တည်ဆောက်ဖို့ အချိန် ၈ နှစ် အပြီးသတ်ကြာမြင့်နိုင်လိမ့်မည်ဟု ခန့်မှန်းထားပါတယ်။

ထိုင်းပညာရှင်များနှင့် ဒေသခံပြည်သူများက သဘာဝ ပတ်ဝန်းကျင်နဲ့ ရာသီဥတု ပြောင်းလဲဖြောက်ပြန်စေခြင်း စိုက်ပျိုးမြေ ကျက်စားတောကောင်များ ဆုံးရူံးစေခြင်း ဌာနေ ကျေးရွာတချို့ပြောင်းရွေ့ရနိုင်ခြင်း ထိုင်းနိုင်ငံထက် တရုတ်ပြည်အတွက်သာ အကျိုးအမြတ် ပိုမိုရရှိစေခြင်း နိုင်ငံခြားသားများ သြဇာလွမ်းမိုးနိုင်ချေရှိခြင်း စီမံကိန်း ပြီးစီးပါက အနည်းဆုံး နှစ်‌ ၄၀ မှ ၉၉ နှစ်အထိလုပ်ကိုင်ဆောင်ရွက်ခွင့် ထိုးအပ်ပေးရ၍ ကောင်းကျိုးထက် ဆိုးကျိုးများနိုင်တယ်လို့ ပထမဆုံး လေ့လာရေး သုဒေသနပြုချက်အရ ထိုင်းပြည်သူ အများစု ဆန့်ကျင် ကန့်ကွက်မှုကို ရင်ဆိုင်ရနိုင်လို့ ထိုင်းအစိုးရက ဖျက်သိမ်းရခြင်း ဖြစ်ပါတယ်။

ထိုင်းနှင့်မြန်မာမတူညီတဲ့ အချက်ကထိုင်းအစိုးရဟာ မူရင်း ပိုင်ရှင်ပြည်သူ ပြည်သားများ သဘောထားကို လက်ခံနားထောင် အလေးထားသော်လည်း မိမိနိုင်ငံတွင်မူ ပြည်သူအပေါ် အမှန်တကယ် အကျိုးမပြုတဲ့ လာဘ်ပေး လာဘ်ယူ စီမံကိန်းတွေ အများအပြား ရှိနေတော့ ဌာနေ မူရင်းဒေသခံများ ခုထိ အခက်တွေ့နေရပါကြောင်း တင်ပြပါသည် ။ (Sai Naw Kham)

တွေးမိတိုင်း ငါနဲ့ကလော်တုတ်ချင်တယ်။ ။

ကရာ့ကျွန်းဆွယ်ဟာ မြန်မာပြည်ပုဂံခေတ်ကတည်းက မြန်မာတွေ လက် အောက်မှာ ရှိခဲ့ပြီး တရုတ်နဲ့အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးအတွက် အချက် အချာကျခဲ့ပါတယ်။ လက်ရှိအခြေအနေမှာလည်း အဲဒီကရာ့ကျွန်းဆွယ် မလက္ကာရေလက်ကြားဟာ အရေးပါနေဆဲဖြစ်ပါတယ်။

၁၇ ရာစုမှာ အင်္ဂလိပ်နဲ့ပြင်သစ်တွေဟာ အရှေ့တောင်အာရှကို ကြီးစိုးနိုင်ဖို့ မလက္ကာရေလက်ကြားကို ချုပ်ကိုင်စိုးမိုးထားခဲ့တာပါပဲ။ အင်္ဂလိပ်တွေ မြန်မာပြည်ကို အလွယ်တကူသိမ်းပိုက်နိုင်တာဟာ မလက္ကာရေလက်ကြားကို စိုးမိုးနိုင်ခဲ့တာကြောင့်ပါ။ အဲဒီသမိုင်းကို သမုဒယစစ်မြေ သလင်းကြေစာအုပ်မှာ အသေးစိတ် ဖော်ပြထားပါတယ်။

ထိုင်းအစိုးရဟာ သမိုင်းကြေညက်တာကြောင့် မလက္ကာရေလက်ကြားကို တရုတ်လက်ထဲကို မအပ်နိုင်ပါဘူးတဲ့။ သမိုင်းကို နကန်းတစ်လုံးမှ နားမလည် တဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကတော့ မြန်မာ့အသက်သွေးကြော မြစ်ဆုံကို တောင် တရုတ်လက်ထဲကို ကလေးကစားသလို လွယ်လင့်တကူ ထိုးအပ်ခဲ့တာပါပဲ။

အခု ကရာ့ကျွန်းဆွယ်ဟာ မြန်မာပိုင်ဖြစ်နေသေးရင် တရုတ်လက်အောက် ရောက်တာ ကြာလှပေါ့။ တွေးမိတိုင်း ငါနဲ့ကလော်တုတ် ချင်တယ်။ ။ (မင်းဒင်)

Leave a Comment

You cannot copy content of this page