International News

အမှားလေးတခုကြောင့် ကြုံတွေ့နေရတဲ့ အမေရိကန်သမ္မတ ထရန့်၏ ကြီးမားတဲ့ ဆုံးရှုံးမှုများ

အမေရိကန် သမ္မတထရန့် နဲ့ သူ့ပါတီရဲ့ ဆုံးရှုံးမှုတွေကြီးလှပါတယ်၊..

သမတထရန့် ပြဿနာတွေမတက်ခင်က သူဟာ ရှားရှားပါးပါး ကမ္ဘာမှာ Brand အဖြစ်ဆုံးလူသားလို့ သတ်မှတ်ပြီး စီးပွါးရေးလုပ်ငန်းတွေက သူနဲ့ ဆက်ဆံလိုကြတယ်။ ဘယ် အဆိုတော် ရုပ်ရှင်မင်းသားမှ ထရန့်ကိုမမှီဘူးတဲ့။

ကြည့်လေ… သမတ ထရန့်ရဲ့ Twitter မှာ followers ၈၈ သန်းရှိတယ်၊ အမေရိကန်သမတဖြစ်တယ်၊ ဖျော်ဖြေရေး နဲ့ဝန်ဆောက်မှု လုပ်ငန်းတွေပိုင်တယ်၊ ထရန့် ဆိုတာနဲ့ Brand က Luxury ပဲ။ အခုတော့ သူ့ရဲ့ တံတား သူမီးရှို့လိုက်ပါပြီတဲ့။

သမတ ထရမ့်ရဲ့ ဂေါက်ကွင်းတွေကို ကမ္ဘာ့ဂေါက်ပြိုင်ပွဲကုမ္ပဏီတွေကမသုံးကြတော့ဘူး၊ နယူးယောက်ပြည်နယ်အစိုးရက ထရန့်ပိုင် အဆောက်အအုံတွေ နဲ့ လုပ်ထားတဲ့ သဘောတူညီမှုတွေရပ်မယ်တဲ့၊ အခု Goldman Sachs ဘဏ်လုပ်ငန်း၊ ကိုကာကိုလာ၊ ဖို့ဒ်ကုမ္ပဏီ၊ Marriott, America Express, AT&T, JP Morgan, American Airline စတဲ့ ကုမ္ပဏီကြီးတွေက ထရန့် နဲ့ သူ့ကိုထောက်ခံတဲ့အမတ်တွေကိုမလှုတော့ဘူးတဲ့၊ Facebook, Instagram , Twitter တွေက ထရန့်ကို ဘန်းထားတယ်၊ အီရန် က အယာတိုလာခိုမေနီ တို့ မြောက်ကိုရီးယားခေါင်းဆောင်တို့ တောင် လူမှု့ကွန်ယက်မှာရေးချင်တာရေးလို့ရသေးတယ်၊ ထရန့်မရတော့ဘူး။

အမေရိကန်ရဲ့လက်ရှိအခြေအနေဟာ ဘိုင်ဒင် နဲ့ဒီမိုကရက်ပါတီဘက်ကို ပြည်သူ့မေတ္တာရနေတယ် ဆိုနိုင်ပေမယ့် ထရန့် ကို လူ ၇၇ သန်းက နှစ်နှစ်ကာကာမဲပေးခဲ့တယ် ဆိုတာတော့ အမေရိကန်တွေ သတိထားဖို့လိုပါတယ်။

ထရန့်ဟာ ရှေးရိုးစွဲ ဖြစ်တယ်၊ အမေရိကန်နိုင်ငံရဲ့ လူဖြူတွေဘက်က ရပ်တည်တယ်၊ ကမ္ဘာ့ခေါင်းဆောင်တွေကို မာမာထန်ထန်ဆက်ဆံတယ်၊ စီးပွါးရေး ကျွမ်းကျင်တယ်၊ တရုတ်ကို ယှဉ်ဖိုက်နိုင်တယ်၊ အမေရိကန်တွေဆီက စီးပွါးရေး လာလုတဲ့ လူတွေအပေါ်ပြတ်သားတယ်၊ ဆူလာမီနီလို စစ်အာဏာရှင်လူမျိုးဆိုရင် အရှင်မထားဘူး၊ တခြားနိုင်ငံရေးသမားလို ယောင်ဝါးဝါး လူ့အကြိုက်လိုက်မလုပ်ဘူး၊ သူ့ခံစားချက်က မျက်နှာမှာပေါ်တယ် ပြောတဲ့အတိုင်းလုပ်တယ်၊ ဒီမိုကရေစီထက် အမေရိကန်နိုင်ငံသားတွေအပေါ် ပို အလေးထားတယ်၊ မိုက်ရဲတယ် စတဲ့ ဂုဏ်တွေရှိတယ် ဆိုပြီး အမေရိကန် လူမျိုးတဝက်က အတော်အလေးထားပြီး နှစ်သက်တာတွေ့ရပါတယ်။

အခုလောလောဆယ် အမေရိကန်ရဲ့ liberal Value ကို ထရန့်ထိခိုက်အောင်လုပ်ခဲ့တယ် ဆိုတဲ့ စိတ်နာကျင်မှု ကြောင့် mainstream media အကုန်လုံး နဲ့ ဂျိုးဘိုင်ဒင်ဘက် ထောက်ခံသူတွေက ထရန့် ရဲ့အမှားအပေါ် အကြီးအကျယ် ပြစ်တင်ရှုံ့ချပြီး ထရန့်ခေါင်းမထောင်နိုင်အောင် နည်းမျိုးစုံ နဲ့ ကြိုးစားကြပေမယ့် ထရန့် က ငြိမ်ခံသူတော့မဟုတ်ဘူး။ သူဟာ ဘဝ မှာ ဒေဝါလီအကြိမ်ပေါင်းများစွာခံခဲ့ရသူဘဝကနေ ပြန်ထလာတဲ့ သူဌေးကြီးတဦး ဖြစ်တယ်၊ ကောင်းတာမကောင်းတာအပထား.. အကြံအစည်အမျိုးမျိုးထုတ်တတ်တဲ့လူထဲပါနေပါတယ်။

၂၀၂၁ အမေရိကန် ဟာ ထရန့်ရဲ့လူတွေ ငြိမ်သွားမလား.. ဘိုင်ဒင်အစိုးရအပေါ် အပေါ် ဘယ်လောက်စိတ်နာသွားလဲ.. ဘယ်လိုပြန်တုန့်ပြန်ကြမလဲ အပေါ် မူတည်ပြီး အတော်လှုပ်လှုပ်ရှားရှားဖြစ်နေဦးမှာပါပဲ။ ပြည်တွင်းရေး ရှုပ်နေသရွှေ့အမေရိကန်ဦးဆောင်တဲ့ ကမ္ဘာ့ခေါင်းဆောင်မှုနေရာမှာ အနည်းနဲ့အများ လစ်ဟာနေဦးမှာပဲ။ (Kyaw Swa Min)

ထရမ့်ကို အမေရိကန်တို့​၏ ဆန့်ကျင်မှုများ..

နာမည်ကျော် Deutsche bank ဟာ Trump နဲ့ လက်တွဲဖြုတ်လိုက်ပြီလို့ ကြေညာလိုက်ပါတယ်။ အနာဂတ်မှာ ထရမ့် မိသားစုနဲ့ ဘာအလုပ်မှ တွဲမလုပ်တော့ဘူးလို့ ကြေညာလိုက်ပါတယ်။

Signature Bank ကလဲ ထရမ့် မိသားစုနဲ့ အလုပ်ဆက်မလုပ်တော့ကြောင်း ကြေညာပြီး Account ၂ ခုကို ပိတ်သိမ်းပါတယ်။ Shopify ကတော့ ထရမ့်ရဲ့ Online Store ကို ပိတ်ခဲ့ပါတယ်။

Patriots ဘောလုံးအသင်းရဲ့ ဂန္ဓဝင်နည်းပြကြီး Bill Belichick ကတော့ နိုင်ငံရဲ့ အမြင့်ဆုံးဆု တခုဖြစ်တဲ့ Medal of Freedom ဆုကို အိမ်ဖြူတော်မှာ သွားရောက် ယူရမှာဖြစ်ပေမယ့် ထရမ့်က ပေးမှာမို့ မယူတော့ဘူးဆိုပြီး ငြင်းပယ်လိုက်ပါတယ်။

ထို့အတူ Home Land Security (ပြည်ထဲရေး)ဝန်ကြီး Chad Wolf ကလဲ ရာထူးက နှုတ်ထွက်သွားခဲ့ပါတယ်။ ပင်တဂွန်က စစ်သား ၁၅၀၀၀ ကို ဝါရှင်တန်ကို ထပ်မံစေလွှတ်လိုက်တဲ့အတွက် တမြို့လုံးမှာ စစ်သားတွေနဲ့ စစ်ကားတွေနဲ့ ပြည့်နှက်နေပါတယ်။ (နေသွေး)

Leave a Comment

You cannot copy content of this page