မော်တော်ယာဉ် ဖောင်းကြွနံပါတ်ပြားအသစ်များ လာရောက်လျှောက်ထားတဲ့အခါ ဒါတွေလိုပါတယ်..
၁။ လုပ်ငန်းလာရောက်ဆောင်ရွက်သူ၏ မှတ်ပုံတင် မူရင်း၊ မိတ္ထူ (ဘယ်သူလာလာ လာတဲ့သူကိုပြောတာနော်)
၂။ မော်တော်ယာဉ်မှတ်ပုံတင်စာအုပ် မူရင်း။ (အုံနာဘုတ်ကို ပြောတာနော်)
၃။ မော်တော်ယာဉ်သက်သေခံလက်မှတ် မူရင်း။ (ဝှီးတက်ကိုပြောတာနော်) ၄။ မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြား တန်ဖိုး ၉၀၀၀ ကျပ် စတာတွေလိုပါတယ် ကားလဲမလိုဘူး နံပါတ်ပြားအဟောင်းလဲ မလိုသေးပါဘူး အထက်ပါအတိုင်းလျှောက်ထားတဲ့အခါ ငွေးသွင်းချလံလေးပေးပါလိမ့်မယ် ဖောင်းကြွနံပါတ်ပြားအသစ် ပြန်လည်ထုတ်ယူရမည့်ရက်ကိုလည်း ပြောပြပါလိမ့်မယ်။
ဖောင်းကြွအသစ် မှာယူပြီး ပြန်လည်ထုတ်ယူရာမှာ ဒါတွေလိုပါတယ် ၁။ ငွေသွင်းချလံ ၂။ နံပါတ်ပြားအဟောင်း (၂)ချပ် ဖြစ်ပါတယ်။ အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းများ၊ Taxi ယာဉ်များ၊ မြို့တွင်း ခရီးသည်တင်ယာဉ်လိုင်းများ၊ နိုင်ငံပိုင် ဌာနဆိုင်ရာယာဉ်များ၊ ကုန်တင်ယာဉ်များအားလုံး (31.3.2023) ရက်နေ့အပြီး ဖောင်းကြွနံပါတ်ပြားများသစ်များ ပြောင်းလဲတပ်ဆင်ရပါမယ်။
ပုဂ္ဂလိက ကိုယ်ပိုင်မော်တော်ယာဉ်များကတော့ နှစ်လဲသက်တမ်းတိုးချိန် ဒါမှမဟုတ် သက်တမ်းတိုးချိန်မရောက်ခင်ပဲဖြစ်ဖြစ် ဖောင်းကြွနံပါတ်ပြားများ ပြောင်းလဲတပ်ဆင်နိုင်ပါတယ်။ ကိုယ်ပိုင်မော်တော်ယာဉ်တွေဟာ (31.3.2023) ရက်နေ့အပြီး မဖြစ်မနေပြောင်းကို ပြောင်းတပ်ဆင်ရမယ်လို့ ဆိုမထားပါဘူး။ သက်တမ်းတိုးမှ တစ်ခါတည်းလုပ်လည်းရပါတယ်။
ထပ်ပြောပါရစေ အိမ်စီးကားတွေ မဖြစ်မနေပြောင်းရမယ်လို့ မဟုတ်ပါဘူး။ ပြောင်းချင်ရင်လဲပြောင်း မပြောင်းချင်ရင်လည်း သတ်တမ်းတိုးတဲ့အခါကျမှ ပြောင်းလို့ရပါတယ်။ အသေးစိတ်သိရှိနိုင်အောင် လက်ကမ်းစာစောင်လေးပုံ ၂ ခု ထည့်ပေးထားပါတယ်။ (31.3.2023) ရက်နေ့ အပြီး အမြန်ပြောင်းလဲတပ်ဆင်ရမယ်လို့ဆိုရာမှာ ၎င်းရက်ကျော်လွန်သည့်အချိန် မပြောင်းလဲပါက စစ်ဆေးအရေးယူမယ်လို့တော့ ထုတ်ပြန်ထားခြင်းမရှိပါဗျာ။ (နေမျိုးသူရ)