ပြင်ပရွှေစျေးကွက် ရွှေစျေးဖွင့်ချိန်နှင့် မြန်မာ့ရွှေစျေးနဲ့ ပတ်သက်ပြီး မှတ်သားစရာ

ပြင်ပရွှေစျေးကွက် ရွှေစျေးဖွင့်ချိန်နှင့် မြန်မာ့ရွှေစျေးနဲ့ ပတ်သက်ပြီး မှတ်သားစရာ..

ရန်ကုန်ရွှေစျေးသည် နေ့လည် ၁၂ နာရီလောက်မှ ဖွင့်ပီး မန္တလေးစျေးသည် နေ့လည် ၁ နာရီလောက်မှ ဖွင့်ပါသည်။ စျေးနှုန်းကို အကယ်ဒမီတံဆိပ်အခေါက်ရွှေ တစ်ကျပ်သား စျေးနှုန်းဖြင့် သတ်မှတ်ဖွင့်ပါသည်။

ရွှေစျေးနှုန်းကို ဘယ်သူ၊ ဘယ်ဆိုင်ကမှ သတ်မှတ်တာမဟုတ်ပဲ စျေးကွက်အတွင်း စတင်အရောင်းအ၀ယ်ဖြစ်တဲ့စျေးကို စတင်သတ်မှတ်ပါသည်။ ရွှေဆိုင်များ မနက်ပိုင်းဖွင့်ရောင်းကြတဲ့စျေးသည် မနေ့ကပိတ်စျေး မနက်ပိုင်းကမ္ဘာ့ရွှေစျေးပေါ် မူတည် မိမိဘာသူ သတ်မှတ်ဖွင့်ကြတာဖြစ်ပါသည်။

အကယ်ဒမီရွှေသည် အခြားတံဆိပ်ရွှေထက် အနည်းဆုံး တစ်သောင်းအထက်စျေးပိုပါသည်။ တစ်ဆယ်ကျပ်သားအပိုင်းများဖြင့် အရောင်းအဝယ်လုပ်ကြပါသည်။ ဖြတ်စသည် အပိုင်းလိုက်စျေးထက် စျေးနည်းနည်းပိုတတ်ပါသည်။

တနင်္ဂနွေနေ့မှာ ကမ္ဘာ့ရွှေစျေးပိတ်ပီး မြန်မာ့ရွှေစျေးကွက်ကတော့ဖွင့်ပီး တစ်ချို့လုပ်ကြပါသည်။ ရွှေစျေးသည် စက္ကန့်နဲ့အမျှအပြောင်းအလဲရှိပါသည်။ ကျော်ကြီး(MDY)

Leave a Reply

Your email address will not be published. Required fields are marked *