မျှစ်ခြောက်ထောင်း..
တကယ်ကို အရသာအသစ် ရရှိစေမယ့် မျှစ်ခြောက်ထောင်းကို တစ်ခါလောက် စမ်းပြီးလုပ်စားကြည့်ပါ.. အလွန်စားကောင်းတဲ့ ဟင်းတစ်ခွက်ရရှိစေမှာပါ..
မျှစ်ခြောက်ပါ နှစ်ကြိမ်ပြုတ်ရပါမယ်။
ပထမတစ်ကြိမ်ပြုတ်ပြီး ရေသွန်ပစ်ပါ။ ဒုတိယတစ်ကြိမ်ပြုတ်ပြီး ရေသွန်ပစ်ပါ။ ပြီးရင် ရလာတဲ့ မျှစ်ခြောက်ကို ရေဆေးပါ။
ပြုတ်ပြီး ရေဆေးထားတဲ့ မျှစ်ကို အဖတ်သေးသေးလေးဖြစ်သွားအောင် ကတ်ကြေးနဲ့ ညှပ်ပါမယ်။
ငရုတ်သီးစိမ်း ၊ ကြက်သွန်ဖြူ ၊ ဆား ၊ အရသာမှုန့် ကို ညှပ်ထားတဲ့ မျှစ်ပမာဏကို ကြည့် သင့်သလို ထည့်ပြီး ထောင်းပါမယ်။
ဒီလောက်အနေအထားဆို ထောင်းတာရပါပြီ။
ပြီးရင်မျှစ်ထည့်ပြီး ထောင်းပါမယ်။
ထောင်းပြီးရင် ပန်းကန်ထဲထည့် ပဲဆီမွှေးမွှေးလေး ဆမ်းလိုက်လို့ ရပါပြီ။ နံနံပင်နဲ့ အလှဆင်ထားလိုက်ပါ။
မျှစ်ရဲ့နူးညံ့နေမှုရယ် ငရုတ်သီးစိမ်းရဲ့ မွှေးမွှေးစပ်စပ်အရသာရယ် ပဲဆီမွှေးမွှေးလေးရဲ့ အနံ့လေးရယ် လုံးဝ ရှယ် ရှယ့် ရှယ်ပါပဲ.. မင်မင်ကတော့ ထမင်းပူပူလေးနဲ့ စားလိုက်ပါတယ်..
ဘေးဘယာအပေါင်း ကင်းဝေးကြပါစေ..
သင့်အတွက်ဟင်းတစ်ခွက် (Cook by SLK)