News

နေပြည်တော်မှာ ကျန်းမာရေးဆေးခန်းဖွင့်ထားတဲ့ ဓမ္မာရုံကို တပ်က ဝင်သိမ်းပြီး နေရာယူ

နေပြည်တော် သပြေကုန်းမှာ ကျန်းမာရေးဆေးခန်းဖွင့်ထားတဲ့ ဓမ္မာရုံကို တပ်က ဝင်သိမ်းပြီး နေရာယူ..

နေပြည်တော် သ‌ပြေကုန်းမှာ ဆန္ဒပြပြည်သူတွေအတွက် အရေးပေါ် ကျန်းမာရေးကူညီဖို့ စေတနာ့ဝန်ထမ်း အရပ်ဘက်လူမှုအဖွဲ့အစည်းများက ဖွင့်လှစ်ထားတဲ့ ကျန်းမာရေးဆေးခန်း ဓမ္မာရုံကို ပြည်ထောင်စုနေ့အတွက် လုံခြုံရေးယူဖို့ရှိတယ်ဆိုပြီး စစ်တပ်က နေရာဝင်ယူလိုက်ပါတယ်။

အဲဒီနေရာကို ဝင်ယူတဲ့ စစ်တပ်က ဒီနေရာမှာ ဆေးခန်းဆက်ဖွင့်လို့ရတယ်လို့ ပြောပေမယ့် အခြေအနေအရ ဘယ်လိုမှ မဖြစ်နိုင်တော့လို့ တခြားနေရာတစ်ခုကိုပြောင်းဖို့ ဆုံးဖြတ်ထားတယ်လို့ အမည်မဖော်လိုတဲ့ ဆရာဝန်တစ်ဦးက ပြောပါတယ်။

ကျန်းမာရေးဆေးခန်းဖွင့်ထားတဲ့ ဓမ္မာရုံ

တပ်ကနေရာယူ

နေပြည်တော် သပြေကုန်း

Leave a Comment

You cannot copy content of this page