အခုလိုအချိန်မှာ လူတိုင်းက လျှပ်စစ်မီးကို လျော့သုံးဖို့ ကြိုးစားနေကြမှာပါ။ ဒါကြောင့် မသုံးစွဲပဲ ပိတ်ထားပေမယ့်လည်း လျှပ်စစ်အားကို ဆွဲယူသုံးနေတဲ့ လျှပ်စစ်ပစ္စည်းများ အကြောင်းကို ပြောပြချင်ပါတယ်။
၁။ ဖုန်း Charger – လူတွေတော်တော်များများက ဖုန်းအားသွင်းတဲ့ ခလုတ် (Charger) ကို ဖုန်းနဲ့ မသွင်းထားရင်တောင် ပလပ်ပေါက်နဲ့ ဒီအတိုင်း တပ်ထားလေ့ရှိပါတယ်။ အဲ့လိုထားရင် ဖုန်းအားမသွင်းပဲနဲ့တောင် တစ်နေ့လုံးကို 1.2 W လောက် ကုန်နေပါလိမ့်မယ်။ ဒါကြောင့် ဖုန်းအားသွင်းပြီးရင် charger ပါ ဖြုတ်ထားပါ။
၂။ TV Tuner – တီဗီရဲ့ Channel လိုင်းလေးတွေ ကို ရှာပေးတဲ့ Digital TV Tuner လေးတွေ ကို တီဗီပဲ ပိတ်ပြီး Tunerကို မပိတ်ပဲ ထားမိရင် တစ်နေ့ကို 22W ကုန်နေ ပါလိမ့်မယ်။ တော်တော်များများက တီဗီပိတ်ရုံနဲ့ပဲ လုံလောက်ပြီလို့ ထင်နေတတ်ကြပါတယ်။
၃။ တီဗီ (TV) – တီဗီကို ခလုတ် လုံး၀ ပိတ်လိုက်တာ မဟုတ်ပဲ Standby Mode ပဲ ထားရင်လည်း တစ်နေ့ကို လျှပ်စစ်မီး 24W လောက် ကုန်နေပါလိမ့်မယ်။
၄။ ကွန်ပျုတာ ကွန်ပျုတာတို့ Laptop တို့ကို ပိတ်ရုံဘဲ ပိတ်ပြီး ပလပ်တွေ မဖြုတ်ထားပါက တစ်နေ့ကို 96W လောက် ကုန်နေပါလိမ့်မယ်။ အကယ်၍ Standby Mode တို့ Sleep Mode တို့ထားပြီး ပလပ်ကို မဖြုတ်ထားရင် ဒီထက် ၁ ဆခွဲလောက် ကုန်ပါလိမ့်မယ်။
၅။ Timer ပါတဲ့ အိမ်သုံး စက်ပစ္စည်းများ – Timer ပါတဲ့ အိမ်သုံး စက်ပစ္စည်းတွေ ဖြစ်တဲ့ Oven တို့ကို ပလပ်ကြိုး မဖြုတ်ထားပါက တစ်နေ့ကို 108W လောက်ကုန်နေပါလိမ့်မယ်။ တတ်နိုင်ရင် ကိုယ် မသုံးသေးဘူး ဆိုရင် လျှပ်စစ်ပစ္စည်းတွေရဲ့ ပလပ်ကြိုးတွေကို ဖြုတ်ထားပါ။ ခလုတ် ပိတ်ထားရင်တောင်မှ သူတို့က လျှပ်စစ် ပါဝါကို ဆွဲနေတတ်ပါတယ်။ ဒါကြောင့် အိမ်မှာ ဘယ်သူမှ မရှိတဲ့ အချိန် ဝါယာရှော့တွေ မဖြစ်အောင်လည်း ပလပ်ကြိုးတွေကို ဆွဲဖြုတ်ထားဖို့ လိုပါတယ်။
သူ့အလိုလို အလဟဿသ ဖြစ်နေတဲ့ လျှပ်စစ်မီးတွေက တစ်ခုချင်းစီ ဆိုရင် နည်းတယ်လို့ ထင်ရပေမယ့် လျှပ်စစ်ပစ္စည်း အများကြီးကို ရက်ပေါင်းများစွာ၊ လပေါင်းများစွာ စုလိုက်ရင် အနည်းဆုံး ကိုယ့်ပိုက်ဆံ သောင်းဂဏန်း သိန်းဂဏန်း လောက်က အလဟဿ ဖြစ်နေမှာ ဖြစ်ပါတယ်။