International News

တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့တွင် ပိုးတွေ့၊ အရေးပေါ်အခြေအနေ ကြေငြာပြီး ခိုးဝင်မြန်မာများကို အရေးယူမည်

တရုတ် – မြန်မာနယ်စပ် ရွှေလီမြို့တွင် အရေးပေါ်အခြေအနေကြေငြာပြီး တစ်မြို့လုံးရှိပြည်သူများ Covid-19 ရောဂါပိုးစစ်ဆေးဖို့နဲ့ မြို့ကို တပတ်တိတိပိတ်ဖို့ညွှန်ကြားထား…

ရွှေလီမြို့တွင် မြန်မာနိုင်ငံမှတရားမဝင် ဝင်ရောက်သူအမျိုးသမီး (၂)ဦးတွင် Covid-19 ရောဂါပိုးတွေ့ရှိကြောင်း ကြေငြာခဲ့ပြီးနောက် ရောဂါပြန့်ပွားမှုကို ထိရောက်စွာထိန်းချုပ်နိုင်ရန် ရွှေလီမြို့နေပြည်သူအားလုံး ရောဂါပိုးစစ်ဆေးရမည်ဖြစ်ပြီး ကုန်ကျစာရိတ်အားလုံးကို အစိုးရမှတာဝန်ယူသွားမည်ဟုဆိုပါသည်။

ထို့အပြင် စက်တင်ဘာလ (၁၄) ရက်ည ၁၀ နာရီနောက်ပိုင်းမှစတင်ပြီး အရေးကြီးကိစ္စများမရှိပါက ရွှေလီမြို့မှထွက်ခွာခြင်းမပြုဖို့ တားမြစ်လိုက်ပါသည်။ တားမြစ်ကာလကို လောလောဆယ် တပတ်သတ်မှတ်ထားပြီး တမြို့လုံးရှိပြည်သူများ မိမိအိမ်မှာသာနေထိုင်ကြဖို့လည်း အစိုးရကညွှန်ကြားလိုက်ပါသည်။

ရွှေလီအစိုးရမှ တရားမဝင်ဝင်ရောက်မှုကျူးလွန်သူများကို ထိထိရောက်ရောက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း ကြေငြာထားပြီး စက်တင်ဘာလ (၁၂) ရက်နေ့မှစတင်ပြီး ရွှေလီမြို့သို့ သွားရောက်ဖူးပြီး တရုတ်ပြည်တွင်းသို့ ပြန်လာသူများအားလုံး ရောဂါပိုးစစ်ဆေးမှုခံယူရမည်ဟုလည်းကြေငြာထားပါသည်။

ယခုကြေငြာချက်သည် တရုတ်ပြည်သူ့သတင်းစာ အမည်ရှိ Weibo စာမျက်နှာတွင် တရားဝင်တင်ထားသော သတင်းအချက်အလက်များကို ဘာသာပြန်ဖော်ပြပေးထားခြင်းဖြစ်ပါသည်။ ရွှေလီမြို့တွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများ အထူးသတိထားကြဖို့နဲ့ ယခုကာလအတွင်း တရုတ်ပြည်သို့ တရားမဝင်ဝင်ရောက်ခြင်းမပြုကြဖို့ တိုက်တွန်းလိုပါသည်။

တရားမဝင် ဝင်ရောက်သူများကို တရုတ်အစိုးရက ပြင်းပြင်းထန်ထန်အရေးယူလျှက်ရှိပါသည်။ တရားမဝင် ဝင်ရောက်ခဲ့သူများအနေဖြင့်လည်း အထူးသတိထားနေထိုင်ဖို့လိုအပ်ပါသည်။ ရောဂါပိုးစစ်ဆေးဖို့ ရွှေလီတမြို့လုံး ပိုက်စစ်တိုက်စစ်ဆေးသွားဖို့ရှိတဲ့အတွက်ကြောင့် မြန်မာနိုင်ငံသားများ အထူးသတိထားရန်လိုအပ်ပါသည်။ တရုတ်နိုင်ငံအတွင်း ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် ဥပဒေများကို လိုက်နာခြင်းအားဖြင့် ဘေးကင်းလုံခြုံနိုင်ကြပါစေ ။ (Axsai)

Leave a Comment

You cannot copy content of this page