International News

နှုတ်သီးကျိုးသွားတဲ့ ကြက်တူရွေးလေးကို ပြန်ကောင်းအောင် ကုသပေးနိုင်ခဲ့တဲ့ ဖြစ်ရပ်ဆန်း

နှုတ်သီးကျိုးသွားတဲ့ ကြက်တူရွေးလေးကို ပြန်ကောင်းအောင် ကုသပေးနိုင်ခဲ့တဲ့ ဖြစ်ရပ်ဆန်း..

ငှက်တစ်ကောင် အထူးသဖြင့် ကြက်တူရွေး အတွက် အရေးပါဆုံး အစိတ်ပိုင်းဟာ နှုတ်သီးလို့ ပြောရင် မှားမယ်မထင်ပါဘူး။ နှုတ်သီးသာ ကျိုးပဲ့ ပျက်စီးသွားမယ်ဆိုရင် ဒီငှက်ဟာ အစာရေစာ ပြတ်လပ်ပြီး သေဆုံးရမှာ မလွဲဧကန်ပါပဲ။

ဘရာဇီးက တိရစ္ဆာန်ဆရာဝန်တွေကတော့ နှုတ်သီးကျိုးပဲ့နေတဲ့ ကြက်တူရွေးလေးတစ်ကောင်ကို အသက်ဘေးကနေ ကယ်တင်နိုင်ခဲ့ပါတယ်။

ခန္ဓာကိုယ် အစိတ်အပိုင်း အစားထိုးပညာရှင် ဒေါက်တာမာရီယာအိန်ဂျလာဟာ polymethylmethacrylate လို့ခေါ်တဲ့ ကော်စေးကို အသုံးပြုပြီး ကြက်တူရွေးလေးကို နှုတ်သီး အစားထိုး တပ်ဆင်ပေးခဲ့ပါတယ်။ ၎င်းကော်စေးဟာ ၅ မိနစ်အတွင်း ပုံမှန်အနေအထားကို ပြန်လည် ရောက်ရှိနိုင်ပြီး အရမ်းလည်း မာကျောပါတယ်။

အခုဆိုရင် ကြက်တူရွေးလေးဟာ သဘာဝအတိုင်း နေထိုင်ကျက်စားနေနိုင်ပါပြီ။

ပြန်ကောင်းသွားတဲ့ ကြက်တူရွေးလေး

Leave a Comment

You cannot copy content of this page