ရွှေဒင်္ဂါးများကို ဝယ်ယူပြီး မတော်လောဘ စီးပွားရှာနေကြသဖြင့် ဝင်ငွေရလမ်း စစ်ဆေးတော့မည်

နိုင်ငံတော်မှ ရောင်းချပေးသည့် ရွှေဒင်္ဂါးပြားများကို ဝယ်ယူသူများထဲတွင် မတော်လောဘဖြင့် စီးပွားရှာသူများ နောက်ကွယ်တွင် ပါဝင်နေသည့်အတွက် နောက်နောင်တွင် ရွှေဒင်္ဂါးဝယ်သူတွေရဲ့ ဝင်ငွေရလမ်းကိုပါ စစ်ဆေးတော့မယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြောပါတယ်။

လက်ရှိမှာ ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးတို့မှာ ရောင်းချပေးနေတဲ့ ရွှေဒင်္ဂါးပြားတွေကို ကိုယ်တိုင်အမှတ်တရ အဖြစ်သိမ်းဆည်းထားရန်နှင့် အမှန်တကယ်အသုံးပြုလိုသူများအတွက်သာ ရည်ရွယ်ရောင်းချပေးခဲ့သော်လည်း လုပ်ငန်းရှင်အချို့က လက်လုပ် လက်စား လူတန်းစားများကို နောက်ကွယ်မှ ငွေကြေးစိုက်ထုတ် ဝယ်ယူပြီး အရည်ကြိုကာ အထည်ပျက်အဖြစ် အမြတ်ရှာရောင်းချမှုတွေရှိနေတာကြောင့် ဝယ်ယူသူများ၏ ဝင်ငွေရလမ်းကို စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

ထိုသို့ ကိုယ်ကျိုးရှာ စီးပွားရှာမှုများ ရှိနေသည့်အတွက် နောက်နောင်တွင် ရွှေဒင်္ဂါးပြားများ ရောင်းချပါက ဝယ်ယူသူများ၏ မှတ်ပုံတင်၊ သန်းခေါင်စာရင်းအပြင် ဝင်ငွေရလမ်းကိုပါ စစ်ဆေးသွားရန် ကျောက်မျက်ဌာနမှ စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရွှေဒင်္ဂါးပြားများ ရောင်းချရာတွင် တစ်ကျပ်သား၊ ငါးမူးသား၊ တစ်မတ်သား စသဖြင့် သတ်မှတ်ကာ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ကျောက်မျက်အရောင်းပြခန်းများမှတဆင့် နေပြည်တော် ၊ ရန်ကုန်နှင့် မန္တလေးတို့တွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက စတင် ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ရွှေဒင်္ဂါးပြားများကို တစ်ကျပ်သား၊ ငါးမူးသား၊ တစ်မတ်သား စသဖြင့် သတ်မှတ်ကာ ရောင်းချပေးပြီး နိုဝင်ဘာ (၂၄) ရက်နေ့ကတော့ တစ်ကျပ်သားကို ကျပ် ၂,၄၉၀,၀၀၀ ဖြင့်ရောင်းချပေးခဲ့တယ်လို့ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *